မိုင်းစံမြို့တွင် Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များ သွားရောက် ငှားရမ်းပေး

မိုင်းစံ   အောက်တိုဘာ    ၁၈

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးခရိုင်၊ မိုင်းစံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ Mobile Library စနစ်ဖြင့် စာအုပ်/စာစောင်များငှားရမ်း‌ပေးခြင်းအား ပုံမှန်ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက် ၁၀ နာရီအချိန်က မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသို့ သွားရောက် ငှားရမ်း‌ပေးခဲ့သည်။

ယင်းသို့ စာအုပ်/စာစောင်များငှားရမ်းပေးရာတွင် စာကြည့်တိုက်သို့ကိုယ်တိုင် မလာရောက်နိုင်သည့် စာဖတ်ပရိသတ်များ စာပေဖတ်ရှုနိုင်ရန် ရည်ရွယ်၍ သုတ/ရသများ၊ မဂ္ဂဇင်းများနှင့် ဝတ္ထုစာအုပ်များ ငှားရမ်းပေးပြီး အပတ်စဉ်စာအုပ်အသစ်များ သွားရောက် လဲလှယ်ငှားရမ်းပေးလျက်ရှိကြောင်း သိရသည်။

မိုင်းစံ (ပြန်/ဆက်)