မချမ်းဘော့ အောက်တိုဘာ ၂၁
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘော့မြို့နယ်တွင် ကျန်းမာရေးဦးစီးဌာနမှ မချမ်းဘော့ မြို့နယ်တွင်း သားအိမ်ခေါင်းကင်ဆာ (HPV) ထိုးနှံခြင်းနှင့် ပတ်သက်၍ အသိပညာပေးခြင်းကို ယမန်နေ့မွန်းလွဲ (၁) နာရီအချိန်က မချမ်းဘော့မြို့နယ် ပြည်သူ့ဆေးရုံ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။
အခမ်းအနားတွင် ကျန်မာရေးဌာနမှ ထုတ်ပြန်ထားသော သားအိမ်ခေါင်းကင်ဆာ ကာကွယ်ခြင်းနှင့် ကုသခြင်းဆိုင်ရာ အကြောင်းအရာများ၊ သားအိမ်ခေါင်းကင်ဆာရောဂါနှင့် ပတ်သက်သည့် အချက်အလက်များ၊ သားအိမ်ခေါင်းကင်ဆာ ဖြစ်ပွားခြင်း၏ ရောဂါလက္ခဏာများ စသည့်အသိပညာပေး ဗီဒီယိုကို ပရိုဂျက်တာဖြင့် အသေးစိတ်ရှင်းလင်း ပြသခဲ့ပြီးနောက် သားအိမ်ခေါင်းကင်ဆာ (HPV) ကာကွယ်ဆေး ထိုးနှံပေးမည့် အစီအစဉ်ကိုလည်း မချမ်းဘော့မြို့နယ်ဆရာဝန် ဒေါက်တာမိုးဇာကျော်က ပြောကြားခဲ့ကြောင်း သိရှိရသည်။
အဆိုပါအခမ်းအနားသို့ မြို့နယ်ကျန်းမာရေးကော်မတီများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့များနှင့် ကျန်းမာရေးဝန်ထမ်းများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ခွန်လင်းဦး (ပြန်/ဆက်)