မုံးကိုး အောက်တိုဘာ ၉
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မုံးကိုးမြို့၊ ရပ်ကွက်(၃)တွင် ကိုယ်ထူကိုယ်ထကွန်ကရစ်လမ်းသစ်ဖွင့်ပွဲကို မုံးကိုးမြို့ အုပ်ချုပ်ရေးမှူးမှ ဦးဆောင်၍ ယမန်နေ့ နံနက်(၉း၃၀)နာရီအချိန်တွင် ဖွင့်လှစ်ခဲ့ပါသည်။
အဆိုပါလမ်းသစ်ဖွင့်ပွဲသို့ ဌာနဆိုင်ရာဝန်ထမ်းများ၊ တိုင်းရင်းသားအဖွဲအစည်းများနှင့် ရပ်မိရပ်ဖများ တက်ရောက်ခဲ့ကြပြီး မြိုအုပ်ချုပ်ရေးမှူး ဦးလျှံရှင်းမုံ၊ စခန်းမှုး ဦးသောင်းထွန်းနှင့် ရပ်မိရပ်ဖများမှ ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ပါသည်။ ထိုရပ်ကွက်(၃) ကွန်ကရစ်လမ်းကို မုံးကိုးမြို့ မြို့အုပ်ချုပ်ရေးမှူး ဦးလျှံရှင်းမုံမှ ဦးဆောင်၍ မုံးကိုးမြို့နေ့ ပြည်သူများ စုပေါင်း၍ အလျား(၈၀၀)ပေ၊ အကျယ် (၂၂)ပေ၊ ထု(၈)လက်မအား မေလ(၁)ရက်နေ့မှ စတင်ခင်းကျင်းခဲ့ရာ တရုတ်ငွေယွမ်(၁)သိန်းကျော်၊ မြန်မာငွေသိန်း(၄၀၀)ကျော်ဖြင့် ရပ်ကွက်နေပြည်သူများမှ စည်းလုံးညီညွတ်စွာဖြင့် ကိုယ်ထူကိုယ်ခင်းကျင်းခဲ့ကြောင်း သိရပါသည်။ ယခုဆောင်ရွက်ပြီးစီးခဲ့သော ကွန်ကရစ်ခင်းခြင်းလုပ်ငန်း ပြီးစီးပြီဖြစ်၍ ဒေသထွက်ကုန်ပစ္စည်းများကို စျေးကွက်များသို့အချိန်မှီ အဆင်ပြေစွာ ပို့ဆောင်ရောင်းချနိုင်မှာဖြစ်ပြီး ကျေးရွာနေပြည်သူများ၏ လူမှု့စီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် များစွာ အကျိုးပြုနိုင်မည်ဖြစ်ကြောင်း ရပ်ကွက်နေပြည်သူများထံမှ သိရသည်။
မုံးကိုး(ပြန်/ဆက်)