တိုက်ကြီးမြို့နယ် ဥက္ကံမြို့တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် သစ်ပင်လဲပြိုမှု ဖြစ်ပွား

တိုက်ကြီး အောက်တိုဘာ ၈

ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ် က္ကံမြို့တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် သစ်ပင်လဲပြိုမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ထိုသို့မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ယမန်နေ့ နံနက် ၈ နာရီခန့်က တိုက်ကြီးမြို့နယ် အတွင်းရှိ ဥက္ကံမြို့ ဂုံညင်းတန်းကျေးရွာအုပ်စု၊ ကျွန်းတောကုန်းကျေးရွာရှိ မဟာဝိဇယျအောင်မြေ ဘုန်းတော်ကြီးကျောင်းနတ်လမ်းပေါ်သို့ လုံးပတ် ပေခန့်၊ အမြင့် ၄၅ ပေခန့်ရှိ သပြေပင် ပင် လဲပြိုနေကြောင်း သတင်းအရ အမှတ် (၃၀၁၈) လေကြောင်းရန်ကာကွယ်ရေးတပ်ရင်းမှ တပ်ရင်းမှူး ဗိုလ်မှူးသူရိန်လှိုင် ဦးဆောင်သော တပ်မတော်သားများ၊ ဥက္ကံမြို့အုပ်ချုပ်ရေးမှူး ဦးရဲဖြိုးနိုင်နှင့် ဝန်ထမ်းများ၊ ဥက္ကံမြို့လုံခြုံရေးတာဝန်ခံ ဗိုလ်မှူးသက်ဦးနှင့် တပ်မ‌တော်သားများ၊ ဥက္ကံနယ်မြေ မီးသတ်စခန်းမှ လက်ထောက်မီးသတ်ဦးစီးမှူး ဦး‌အောင်ခန့်ကျော် ဦးဆောင်သော သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ကျေးရွာအထောက်အကူပြုအဖွဲ့များပါဝင်သော ပူးပေါင်းအဖွဲ့က ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့ပြီး လဲပြိုနေသော သစ်ပင်အား  ခုတ်ထွင်ဖယ်ရှား ရှင်းလင်းခဲ့သည်။

အဆိုပါ မိုးသည်းထန်စွာရွာသွန်း၍ သစ်ပင်လဲပြိုမှုဖြစ်စဥ်ကြောင့် ရဟန်းသံဃာတော်များ၊ လူနှင့် တိရိစ္ဆာန်များ ထိခိုက်မှုတစ်စုံတစ်ရာ မရှိကြောင်း  သိရသည်။    

စန်းကလျာခိုင် (ပြန် /ဆက်)