ဖလမ်း အောက်တိုဘာ ၇
ချင်းပြည်နယ်၊ ဖလမ်းမြို့၌ ၂၀၂၃ ခုနှစ် ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ်အခမ်းအနားကို အောက်တိုဘာလ ၅ ရက်၊ နံနက် ၉ နာရီက အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပရာ ဖလမ်းခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစောထွန်း၊ အဖွဲ့ဝင်(၁)ဒုတိယဗိုလ်မှူးကြီဝင်းဇော်လတ်နှင့် အဖွဲ့ဝင်များ တက်ရောက်ချီးမြှင့်ခဲ့ကြသည်။
အခမ်းအနားတွင် ကျောင်းသား/သူများက မြတ်ဆရာသီချင်းဖြင့်ဖျော်ဖြေခဲ့ကြပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံမှ ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ်အခမ်းအနားသို့ပေးပို့သည့် သဝဏ်လွှာကို ဖလမ်းခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစောထွန်းဝင်းက ဖတ်ကြားသည်။
ထို့နောက် ကုလသမဂ္ဂလက်အောက်ခံအဖွဲ့(၅)ဖွဲ့၏ အဖွဲ့ခေါင်းဆောင်များကပေးပို့သော စုပေါင်းသဝဏ်လွှာကို ဖလမ်းခရိုင်ပညာရေးမှူးဦးသွမ်လျန်းက ဖတ်ကြားသည်။
ဆက်လက်၍ကျောင်းသား/သူများက “ကျေးဇူးရှင်ဆရာ” သီချင်းဖြင့်ဖျော်ဖြေခဲ့ကြသည်။ ထို့နောက် ဖလမ်းခရိုင်စီမံအုပ်ချုပ် ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစောထွန်းဝင်း၊ အဖွဲ့ဝင်(၁) ဒုတိယဗိုလ်မှူးကြီးဝင်းဇော်လတ်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မိခင်နှင့်ကလေးအစောင့်ရှောက်ရေးအသင်းတာဝန်ရှိသူများက အသက်(၇၀)နှင့်အထက် ဆရာကြီး/ ဆရာမကြီးများအား ပူဇော်ကန်တော့ခဲ့ကြသည်။
ထို့နောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ အဖွဲ့ဝင်(၁) ဒုတိယဗိုလ်မှူးကြီးဝင်းဇော်လတ်နှင့်အဖွဲ့ဝင်များ၊ ဆရာကြီး/ဆရာမကြီးများနှင့်အတူ ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ်အခမ်းအနား မှတ်တမ်းဓာတ်ပုံ ရိုက်ကူးခဲ့ကြကြောင်းသိရသည်။
ရဲမြင့်အောင်