အ-ထ-က(သုဝဏ္ဏ)ကျောင်း၌ ၂၀၂၃ ခုနှစ်၊ ကမ္ဘာ့ဆရာများနေ့အခမ်းအနားကျင်းပ

သင်္ဃန်းကျွန်း အောက်တိုဘာ 

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်  အခြေခံပညာအထက်တန်းကျောင်း(သုဝဏ္ဏ)၌  ၂၀၂၃ ခုနှစ်၊ ကမ္ဘာ့ဆရာများနေ့အခမ်းအနားကို ယမန်နေ့‌ နေ့လယ်(၁း၀၀)အချိန်က သီရိသုဝဏ္ဏပညာခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ   ၂၀၂၃ ခုနှစ်၊ ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် အခမ်းအနားကို  အ-ထ-က(သုဝဏ္ဏ) ကျောင်းမှ ကျောင်းသား၊‌ ကျောင်းသူများက " မြတ်ဆရာ" သီချင်းဖြင့် ဦးစွာဂုဏ်ပြုသီဆိုခဲ့သည်။ ထိုနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံမှ ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ်အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးလှမျိုးမှ ဖတ်ကြားခဲ့သည်။ ဆက်လက်၍ ကုလသမဂ္ဂလက်အောက်ခံအဖွဲ့ ၅ ဖွဲ့၏ အဖွဲ့ခေါင်းဆောင်များကပေးပို့သော စုပေါင်းသဝဏ်လွှာအား ဒုတိယမြို့နယ်ပညာရေးမှူးဒေါ်ခင်ဥမ္မာမှ ဖတ်ကြားခဲ့သည်။

အဆိုပါ ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲနှင့် ကဗျာပြိုင်ပွဲများတွင် ပထမ၊ ဒုတိယ၊ တတိယဆုရ ကျောင်းသား၊ ကျောင်းသူများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလှမျိုး၊ ဒုတိယမြို့နယ်ပညာရေးမှူးဒေါ်ခင်ဥမ္မာ၊ မြို့မိမြို့ဖကျောင်းအကျိုးတော်ဆောင် ဦးထိန်လင်းတို့မှ ဆုများချီးမြှင့်ပေးခဲ့ပါသည်။ အခမ်းအနားသို့ ဌာနဆိုင်ရာများ၊ ဆရာ/ဆရာမများ၊ ကျောင်းသား/သူများ စုစုပေါင်း(၃၀၀)ဦးခန့် တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

လှနွယ်လေး(သင်္ဃန်းကျွန်း)