ဒဂုံမြောက် အောက်တိုဘာ ၆
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ် အခြေခံပညာဦးစီးဌာန၊ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း၊ တော်ဝင်သဇင်ခန်းမတွင် ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ်အခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၂ နာရီက ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါအခမ်းအနား၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံမှ ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ်အခမ်းအနားသို့ပေးပို့သည့်သဝဏ်လွှာကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးသန်းဝင်းကဖတ်ကြားပြီး ခရိုင်ပညာရေးမှူးဆရာမကြီး ဒေါ်မျိုးမျိုးအောင်က ယူနက်စကိုမှပေးပို့သောသဝဏ်လွှာကို ဖတ်ကြားရာတွင် ဆရာ၊ ဆရာမများ အင်အားပြတ်လပ်မှုကို ရပ်တန့်ပေးကြပါရန် တစ်ကမ္ဘာလုံးမှတောင်းဆိုနေကြပါသည်။ “ဆရာကောင်းတစ်ဦးနှင့် တစ်ရက်တာသင်ယူခြင်းသည် ရက်ရှည်လများ လုံးလစိုက်ထုတ်လေ့လာခြင်းထက်ပို၍ တန်ဖိုးရှိပါသည်။” ဟုဂျပန်စကားပုံအရ သိရပါသည်။ ကျွန်ပ်တို့သည် ၂၀၃၀ ရေရှည်စီမံချက်ဖြစ်သည့် အထူးသဖြင့် တရားမျှတမှုနှင့် အရည်အသွေးပြည့်ဝသော ပညာရေးရည်မှန်းချက်ကို ပြည့်မှီရောက်ရှိလိုလျှင် ယနေ့ခေတ်တွင် လျင်မြန်စွာပြောင်းလဲနေသော လူ့အဖွဲ့အစည်းအတွက် လိုအပ်သောပြောင်းလဲမှုကိုဖြစ်စေသည့် ဆီလျော်ြပီးဆန်းသစ်သော သင်ကြားနည်းပညာများကို သင်ယူသူများအတွက် အဆင်သင့်ဖြစ်စေရန် လိုအပ်ပါသည်။ ဆရာများသည်အရးပါသော မဏ္ဌိုင်များထဲမှ တစ်ခုဖြစ်သည့်အတွက် ဤအရေးပါသောပြောင်းလဲမှုသည် ဆရာ၊ ဆရာမများအပေါ် မူတည်နေသည်။ သင်ယူမှုအဆင့်ဆင့်တိုင်းတွင် ကျောင်းသားများ၏ ရလဒ်ကောင်းများကို ပိုမိုကောင်းမွန်စေရန်အတွက် ဆရာများသည် အရေးပါသည်ဆိုသည်ကို သုတေသနပြုချက်များအရ တူညီသောရလဒ်အဖြစ် တွေ့ရှိခဲ့ပါကြောင်း စသည်ဖြင့်ဖတ်ကြားခဲ့သည်။
ဆက်လက်၍ ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ်စာစီစာကုံးပြိုင်ပွဲတွင် ဆုရရှိသူများအား တာဝန်ရှိသူများက ဆုများ အသီးသီးကပေးအပ်ခဲ့သည်။ အဆိုပါအခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန်းဝင်းနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ခရိုင်ပညာရေးမှူးဦးငွေသူရ၊ မြို့နယ်တာဝန်ခံပညာရေးမှူးနှင့် မြို့နယ်အတွင်းရှိကျောင်းများမှ ကျောင်းအုပ်ဆရာ၊ ဆရာမကြီးများ၊ ပညာရေးဝန်ထမ်းများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။
မြင့်မြင့်ရီ (ပြန်/ဆက်)