လိပ်သို အောက်တိုဘာ ၁၉
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ အမှတ် (၂) ရပ်ကွက် ဖောလူမှု အဆောင်တွင် ကရင်ပြည်နယ် အရပ်ဘက် လူမှုအဖွဲ့အစည်းများကွန်ယက် (KSCN) ၏ ဦးဆောင်မှုဖြင့် အားလုံး အကျုံး၀င်ပူးပေါင်းပါ၀င်သော မဲဆန္ဒရှင်အသိပညာပေး အစီအစဉ်တစ်ရပ်ကို ယမန်နေ့ နံနက်ပိုင်းက ပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ လိပ်သိုမြို့ လူမှုထာ လူမှုအထောက်အကူပြု အဖွဲ့၏ဥက္ကဋ္ဌ နော်အဲလစ္စဘက်ချောက ပယ်မဲနှင့် ခိုင်လုံမဲအကြောင်း၊ မဲထည့်ပုံ ထည့်နည်းလမ်းညွှန်အား ရှင်းလင်းဆွေးနွေးပြီး မဲဆန္ဒရှင်တစ်ဦးသည် မဲရုံသို့ ၀င်ရောက်စာရင်း ပေးသွင်းသည်မှစတင်၍ မဲလက်မှတ် ထုတ်ယူခြင်းအား ဆန္ဒပြုမဲထည့်ခြင်းနှင့် မဲရေတွက်ခြင်းတို့ကို လက်တွေ့သရုပ်ပြ ပြုလုပ်ခဲ့ကြ ကြောင်း သိရသည်။
အဆိုပါ ရှင်းလင်းဆွေးနွေးပွဲပြုလုပ်ရာတွင် ကျန်းမာရေးနှင့် အားကစား၀န်ကြီးဌာနမှ ထုတ်ပြန်ထားသော လမ်းညွှန်ချက်နှင့်အညီ ဆောင်ရွက်ခဲ့ပြီး တက်ရောက်လာသူများအား တစ်ကိုယ်ရည် သုံး ရောဂါကာကွယ်ရေး ပစ္စည်းများနှင့် မဲဆန္ဒရှင်ပြည်သူများ သိရှိလိုက်နာ လုပ်ဆောင် သင့်သော ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များနှင့် ပိုစတာများအား ဖြန့်ဝေပေးခဲ့ပြီး လိပ်သိုမြို့ပေါ် (၆) ရပ်ကွက်နှင့် မသန်စွမ်းသူများ တက်ရောက်ခဲ့ကြောင်း သိရပါသည်။
နွယ်နွယ်ခိုင် (ပြန်/ဆက်)