မြို့လှ အောက်တိုဘာလ ၁၅
နိုင်ငံအဝန်းဖြစ်ပွားလျက်ရှိသည့် ကိုဗစ်−၁၉ ရောဂါဖြစ်ပွားမှုနှင့် ပတ်သက်၍ ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မြို့လှမြို့ ပြည်သူများအနေဖြင့် ကျန်းမာရေးအသိနှင့် ဗဟုသုတ ရရှိစေရန် ရည်ရွယ်၍ မြို့လှမြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများသည် ယနေ့နံနက် ၉ နာရီခန့်က “ကိုဗစ်−၁၉ ရောဂါ မဖြစ်ပွားဖို့ မိမိကစ ကာကွယ်ပါ” သတင်းစကား လက်ကမ်းစာစောင်များ ပေးဝေခြင်းနှင့် နံရံကပ် စာစောင်များ ပြသဆောင်ရွက် လျက်ရှိကြောင်း သိရှိရသည်။
အဆိုပါ သတင်းစကား လက်ကမ်းစာစောင်တွင် ကိုဗစ်−၁၉ ကိုမိမိကစ ကာကွယ်ပါ အဓိက သတင်းစကား (၁၀) ချက်၊ ကိုဗစ်−၁၉ ရောဂါပျံ့နှံ့နိုင်ခြေနှင့် လိုက်နာရန်အချက်များ၊ ကိုရိုနာဗိုင်းရပ်စ် ရောဂါ (ကိုဗစ်−၁၉) ဆပ်ပြာနှင့် ရေကိုအသုံးပြု လက်ဆေးခြင်းဖြင့် ကာကွယ်ပါ၊ စနစ်တကျလက်ဆေးနည်း၊ ကိုဗစ်−၁၉ ကူးစက်မှု ကာကွယ်ရေး လိုက်နာဆောင်ရွက်ရမည့်အချက်များ၊ သံသယဖြစ်ဖွယ် ရောဂါလက္ခဏာများ၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ facebook စာမျက်နှာမှ ကောက်နုတ်ချက်များ ပါဝင်ပြီး မြို့လှမြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက စောင်ရေ (၅၀) စောင်ဖြန့်ဝေခဲ့ကြကြောင်း သိရှိရသည်။
အချက်အလက်နှင့် ထင်မြင်ယူဆချက်တို့ကို ခွဲခြားဖို့ခက်နေပါသလား၊ မီဒီယာနှင့် သတင်းအချက်အလက် သိရှိနားလည်မှုရှိသော မိဘ/အုပ်ထိန်းမှု အတတ်ပညာနှင့် ကျန်းမာရေး၊ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်များအတိုင်း သတိပြုလိုက်နာပါ၊ လူစုလူဝေးရှောင်ရှားပါ၊ mask များ စနစ်တကျ တပ်ဆင်ခြင်းဖြင့် ကိုဗစ်−၁၉ ရောဂါကိုကာကွယ်ပါ စသည့် ကိုဗစ်−၁၉ ရောဂါ ကာကွယ်ရေး ဆိုင်ရာ လိုက်နာရမည့် အချက်များနှင့် ရှောင်ကြဉ်ရမည့် အချက်များပါဝင်သည့် “ကိုဗစ်−၁၉ ဆိုင်ရာ အသိပညာပေးရုပ်ပုံလွှာများ” နံရံကပ်စာစောင်အား မြို့လှမြို့၊ အမှတ် (၄) ရပ်ကွက်ရှိ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြေစိုက်နံရံကပ်ဘုတ်တွင် ပြသ ဆောင်ရွက်ထားရှိကြောင်း သိရှိရသည်။
ကျော်မင်းနိုင်(ပြန်/ဆက်)