ချင်းပြည်နယ်၊ မတူပီမြို့နယ်၌ ပြည်နယ်ဘတ်ဂျတ်ဖြင့် ဘောလုံးကွင်းများ တို့ချဲ့တူးဖော်ရန် ကျေးရွာများသို့ သတ်မှတ် နေရာများ ကြည့်ရှုစစ်ဆေး

မတူပီ အောက်တိုဘာ ၁၄

၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင်၊ ချင်းပြည်နယ်၊ မတူပီခရိုင်၊ မတူပီမြို့နယ်အတွင်းရှိ ကျေးရွာများ၌ ပြည်နယ် ဘတ်ဂျတ်ဖြင့် ဘောလုံးကွင်းများ တူးဖော်ရန်အတွက် သတ်မှတ်ထားသောနေရာများကို အားကစားနှင့် ကာယပညာ ဦးစီးဌာန၊ မြို့နယ်အားကစားမှူးနှင့် ဖနိုင်ဘောလုံးကွင်းတူးဖော်ရေး ကော်မတီများပူးပေါင်းကာ အောက်တိုဘာလ ၁၂ ရက်နေ့က ဖနိုင်ကျေးရွာသို့ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

အဆိုပါလုပ်ငန်းကို (အလျား ၁၂၀၊ အနံ ၇၀)ပေဖြင့်တူးဖော်မည်ဖြစ်ရာ မတူပီမြို့နယ်အတွင်းရှိ  ကျေးရွာများ ဖြစ်သော ()လိုတောကျေးရွာ() ဖနိုင်ကျေးရွာ()လွီဗန်းကျေးရွာ (အလက)ကျောင်း() တန်ကူကျေးရွာ (အထက)ကျာင်း()ခွါတွားကျေးရွာ() စန်စက်ကျေးရွာ(အလက(ခွဲ))ကျာင်း()ဟရင်ပီး() ကျေးရွာ (အလက)ကျောင်း တို့အတွက် ချင်းပြည်နယ်မှ ကျပ်သိန်း(၇၀)စီ ခွဲဝေချထားပေးသည်။

အဆိုပါလုပ်ငန်းနှင့်ပတ်သက်၍ မြို့နယ်အားကစားမှူး ဦးရှီးမွန်က "ကျေးရွာဘောလုံးကွင်းတူးဖော်ရေး ကော်မတီ များအား မိမိတို့တိုးချဲ့တူးဖော်မည့် ဘောလုံးကွင်းများကို ချင်းပြည်နယ်အစိုးရ၏ လမ်းညွှန်ချက်အတိုင်း အရည်အသွေး ပြည့်မီစွာ အကောင်အထည်ဖော် ဆောင်ရွက်ရန်လိုအပ်ကြောင်း"ဟု မှာကြားခဲ့ကြောင်း မြို့နယ် အားကစားနှင့် ကာယပညာ ဦးစီးဌာနရုံးမှ သိရသည်။

ခရိုင် (ပြန်/ဆက်)