မတ္တရာ အောက်တိုဘာ ၁၄
ကုန်စည်စီးဆင်းမှုပြတ်တောက်မှု မရှိစေရေး၊ ကိုဗစ် ၁၉ ရောဂါပိုး ကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် ကုန်တင်ယာဉ် ယာဉ်မောင်းများနှင့် ယာဉ်နောက်လိုက်များအား မတ္တရာမြို့နယ် စစ်ဆေးရေးဂိတ်တွင် Test Kit ဖြင့် ကိုဗစ်၁၉ ရောဂါပိုးရှိမရှိကို စစ်ဆေးပြီး ပိုးကင်း စင်သူများအား ဖြတ်သန်းခွင့်ပြုလျက်ရှိကြောင်းသိရသည်။
အဆိုပါ Test Kit ဖြင့် ကိုဗစ်၁၉ ရောဂါပိုးရှိမရှိ စစ်ဆေးရာတွင် မတ္တရာမြို့နယ် ကိုဗစ် ၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ ကြီးကြပ်ရေး၍ ဌာနစုံဖြင့် ပူးပေါင်းပြီး ကျန်းမာရေးဝန်ထမ်းများက နှာခေါင်းတို့ ဖတ်ရယူ၍ စစ်ပေးလျက်ရှိသည်။ ထိုသို့ ယာဉ်များ အား စစ်ဆေးရာတွင် မန္တလေးတိုင်းဒေသကြီးမှ စစ်ကိုင်းတိုင်းဒေသကြီးနှင့် ကချင်ပြည်နယ် ဘက်သို့သွားရောက်မည့် ကုန်တင်ယာဉ်များ၊ မတ္တရာ၊ စဉ့်ကူး၊ သပိတ်ကျင်းနှင့် မိုးကုတ် မြို့နယ်တို့မှ မန္တလေးမြို့သို့ ဖြတ်သန်း၍ အခြားမြို့နယ်များသို့ သွားရောက်မည့် ကုန်တင် ယာဉ်များမှ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များအား တစ်ဦးလျှင် စစ်ဆေးခ ကျပ်(၁၀၀၀၀)နှုန်းဖြင့် ကိုဗစ်၁၉ ရောဂါရှိ/မရှိ စစ်ဆေးပေးပြီး ပိုးမတွေ့ရှိသူများကို(Swab Negative) ကျန်းမာရေး ကောင်းမွန်ကြောင်း ထောက်ခံစာများထုတ်ပေး၍ ဖြတ်သန်းခွင့်ပြုခြင်း၊ စစ်ကိုင်းတိုင်းဒေသ ကြီးနှင့် ကချင်ပြည်နယ်တို့မှ မန္တလေးတိုင်း ဒေသကြီးအတွင်းသို့ ဝင်ရောက်လာသည့် ကုန်တင်ယာဉ်များမှ ယာဉ်မောင်းများနှင့် ယာဉ်နောက်လိုက်များအား မိမိတို့ထွက်ခွာလာသည့် တိုင်းဒေသကြီးနှင့်ပြည်နယ်များရှိ စစ်ဆေးရေးဂိတ်များ၏(Swab Negative) ကျန်းမာရေး ကောင်းမွန်ကြောင်း ထောက်ခံ စာပါ/မပါ စစ်ဆေးပြီး ပါရှိသော ယာဉ်များအား ဖြတ်သန်းခွင့်ပေးပြီး၊ ထောက်ခံစာ မပါရှိသော ကုန်တင်ယာဉ်များကို ဖြတ်သန်းခွင့်မပြုကြောင်းသိရသည်။
ယမန်နေ့အောက်တိုဘာလ ၁၃ရက်နေ့က ကုန်တင်ယာဉ်(၄၉)စီးမှ ယာဉ်မောင်းနှင့် ယာဉ်နောက် လိုက်(၉၀)ဦး အား ဆေးစစ်ပေးခဲ့ပြီး ယနေ့အထိ ယာဉ်(၅၅၁)စီးမှ (၉၄၄)ဦးအား စစ်ဆေးခဲ့ရာ အဖြေအားလုံးမှာ ရောဂါပိုး မရှိကြောင်းသိရသည်။
စိုးကျော်သူထွေး(မတ္တရာ)