ရမည်းသင်း ဖေဖော်ဝါရီ ၁
ပြည်သူများအကြား ကိုရိုနာဗိုင်းရပ်စ် အဆုတ်ရောင်ရောဂါနှင့်ပတ်သက်၍ ရောဂါကာကွယ်နှိမ်နှင်းရေး လုပ်ငန်းများ ကျန်းမာရေး အသိပညာပေးနှင့် (2019 Novel Coronavirus 2019-nCov) ဗီနိုင်း ပိုစတာ ဆိုင်းဘုတ် စိုက်ထူခြင်း၊ လက်ကမ်း စာစောင်များ ဖြန့်ဝေခြင်းနှင့် Mask များအခမဲ့ ဖြန်ဝေခြင်းတို့ကို ယနေ့ နံနက် ၈ နာရီခွဲက ရမည်းသင်မြို့ ရန်ကုန်−မန္တလေးကားလမ်းဘေး နာရီစင်အနီး လူစည်ကားသည့်နေရာတွင် ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ( 2019 Novel Coronavirus 2019-nCov ) ဗီနိုင်းမြေစိုက် ပိုစတာ ဆိုင်းဘုတ်စိုက်ထူခြင်းကို တာ၀န်ရှိသူများက စိုက်ထူးပေးခဲ့ကြပြီး မြို့နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာမြင့်မြင့်မော်မှ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု မရှိစေ ရေး ကျန်းမာရေးအသိပညာပေး ရှင်းလင်းပြောကြားပြီး တက်ရောက်လာသူများနှင့် ပြည်သူများကို အသိပညာပေး လက်ကမ်း စာစောင်နှင် Mask များကို အခမဲ့ ဖြန့်ဝေပေးခဲ့ကြသည်။
အဆိုပါ အခမ်းအနားသို့ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဇော်ဝင်းနှင့် ဦးအောင်မျိုးဦး၊ ရမည်းသင်းခရိုင် စီမံခန့်ခွဲမှု ကော်မတီ ဉက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအုန်းသန်းနှင့် ခရိုင်အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်စီမံခန့်ခွဲမှု ကော်မတီ ဉက္ကဋ္ဌ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးဇော်မင်းဟန်နှင့် မြို့နယ်အဆင့်ဌာန ဆိုင်ရာများ၊ အမျိုးသမီးကော်မတီ အဖွဲဝင်များ၊ လူမှုရေးအသင်း အဖွဲ့များနှင့် ပြည်သူများတက်ရောက်ကာ ပူးပေါင်းပါဝင် ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိသည်။
ထို့နောက် တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်၊ ရမည်းသင်းခရိုင် အုပ်ချုပ်ရေးမှူး၊ မြို့နယ်အုပ်ချုပ် ရေးမှူးနှင့် တာဝန်ရှိသူများသည် ရမည်းသင်းခရိုင် ပြည်သူ့ဆေးရုံကြီးအတွင်း အဆုတ်ရောင်ရောဂါ ( 2019 Novel − Coronavirus 2019-nCov) အား ကြိုတင်ကာကွယ်ထိန်ချုပ်ခြင်း၊ စောင့်ကြည့်စစ်ဆေးခြင်းတို့အတွက် သီးသန့် လူနာဆောင်ပြင်ဆင်းမှု၊ ဆေးနှင့် ဆေးပစ္စည်းများ ပြင်ဆင်မှုနှင့် လူနာတင်ယာဉ် ပြင်ဆင်ထားရှိခြင်းကို ကြည့်ရှုခဲ့ကြသည်။
ဇော်ဝင်းအောင်(ရမည်းသင်း)