(၇၂)နှစ်မြောက်၊ လွတ်လပ်ရေးနေ့ နိုင်ငံတော်အလံ အလေးပြု အခမ်းအနားနှင့် သဝဏ်လွှာဖတ် ကြားခြင်းအခမ်းအနား တနင်္သာရီ မြို့တွင်ကျင်းပ

တနင်္သာရီမြို့  ဇန်နဝါရီ  ၄

(၇၂)နှစ်မြောက်၊ လွတ်လပ်ရေးနေ့ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အလံတင် အလေးပြုခြင်း အခမ်းအနားကို ယနေ့ နံနက် ၄နာရီ ၂၀ မိနစ် အချိန်က တနင်္သာရီ တိုင်းဒေသကြီး တနင်္သာရီမြို့-မြို့မရဲစခန်းဝန်းအ တွင်းရှိ လွတ်လပ်ရေး ကျောက်တိုင်ရှေ့တွင်ကျင်းပရာ

အခမ်းအနားသို့ လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ် အုပ်ချုပ်ရေးမှူးနှင့် မြို့ နယ်အဆင့်ဌာနဆိုင်ရာ ဝန်ထမ်းများ၊ ၊ လူမှုရေးအသင်းအဖွဲ့ဝင်များ၊ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များ၊ မြို့မိမြို့ဖများ၊ ချောင်းကြီးရပ်ကွက်၊ ချောင်းငယ်ရပ်ကွက် အုပ်ချုပ်ရေးမှူးများနှင့် ရပ်ကွက်အတွင်းနေ မိဘပြည် သူများက တက်ရောက် အလေးပြုကြသည်။

ဆက်လက်၍ နံနက်၇ နာရီအချိန်တွင် နိုင်ငံတော်သမ္မတထံမှ ပေးပို့သော (၇၂)နှစ်မြောက်၊ လွတ်လပ်ရေးနေ့သဝဏ်လွှာ အား မြို့နယ် အုပ်ချုပ်ရေးမှူး ဦးစိုးဝင်းနိုင်က အ.ထ.က-တနင်္သာရီမြက်ခင်းပြင် ယာယီမဏ္ဍပ်မှာ  ဖတ်ကြား ပေးကြောင်း သိရှိရသည်။

နန်းသာရီ-ထိန်ဝင်း(ပြန်/ဆက်)