ဟားခါး အောက်တိုဘာ ၉
ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ပေးပို့သည့် မဲဆန္ဒရှင်စာရင်းတွင် မဲပေးပိုင်ခွင့်ရှိသူတိုင်း၏ အမည်ပါဝင်မှု ရှိ၊မရှိ သိရှိနိုင်စေရေး လက်ကမ်းစာစောင်များနှင့် နံရံကပ်ပိုစတာများအား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ဟားခါးမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးတို့ ပူးပေါင်း၍ အောက်တိုဘာလ ၉ ရက်နေ့က ဟားခါးခရိုင်ရုံး အနေဖြင့် နံရံကပ်ပိုစတာများပြသခြင်း၊ လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းတို့ဖြင့် ဆောင်ရွက် လျက်ရှိကြောင်း သိရှိရသည်။
ဟားခါးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးမှ ဝန်ထမ်းများနှင့် ဟားခါးမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ ဝန်ထမ်းများသည် ဟားခါးမြို့ပေါ် ရပ်ကွက်များအားလုံးသို့ မြို့မစျေးကြီးနှင့် စျေးသစ်ရပ်ကွက်ရှိ ကုန်စိမ်းစျေးတန်းသို့ ရောက်ရှိ၍ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ပေးပို့သည့် မဲဆန္ဒရှင်စာရင်းတွင် မဲပေးပိုင်ခွင့်ရှိသူတိုင်း၏ အမည်ပါဝင်မှု ရှိ၊မရှိ သိရှိနိုင်စေရေး လက်ကမ်းစာစောင်များဖြန့်ဝေပေးခြင်းနှင့် ပိုစတာများကို ဌာနဆိုင်ရာ ကြော်ငြာသင်ပုန်းများ၊ လမ်းဆုံများ၊ ဟားခါးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံး မြေစိုက်နံရံပြဘုတ်နှင့် ဟားခါးမြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးတို့တွင် ပြသထားကြောင်း သိရှိရသည်။
ခရိုင်(ပြန်/ဆက်)