တနိုင်းမြို့နယ်အတွင်း တာဝန်ထမ်းဆောင်လျက်ရှိသော ရပ်ကွက်/ကျေးရွာအုပ်စု စာရေးဝန်ထမ်းများအား နိုင်ငံတော်မှ ဒုတိယအကြိမ် တစ်ဦးလျှင် (၁၀၀,၀၀၀)စီထောက်ပံ့

တနိုင်း  အောက်တိုဘာ  ၈

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ တနိုင်းမြို့နယ်အတွင်း တာဝန်ထမ်းဆောင်လျက်ရှိသော ရပ်ကွက်/ ကျေးရွာအုပ်စု စာရေးဝန်ထမ်းများအား နိုင်ငံတော်မှ ဒုတိယအကြိမ် တစ်ဦးလျှင်‌ ငွေကျပ်(၁၀၀,၀၀၀)စီ ထောက်ပံ့ပေးခြင်းကို အောက်တိုဘာ(၆)ရက်နေ့ ညနေ(၃)နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရပ်ကွက်/ကျေးရွာအုပ်စုစာရေးများအနေဖြင့် ကိုဗစ်-၁၉ ရောဂါကာကွယ်တားဆီးထိန်းချုပ်ရေးဆိုင်ရာကိစ္စရပ်များတွင် ပူးပေါင်းပါဝင် ဆောင်ရွက်ခြင်း၊ အသိပေး ကြေညာချက်များအား ရပ်ကွက်/ကျေးရွာများအတွင်း နေ့စဉ်လှည့်လည်ကြေညာရခြင်း၊ အခြေခံလူတန်းစား များအား ထောက်ပံ့ငွေပေးအပ်ရန်အတွက် စာရင်းဇယားပြုစု/ ထောက်ပံ့ ပေးရခြင်းနှင့် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေး ကောက်ပွဲမဲဆန္ဒရှင် စာရင်းကောက်ခံခြင်း၊ မဲစာရင်းများပြုစုရခြင်း၊ပြင်ဆင်/ဖြည့်စွက်ခြင်း လုပ်ငန်းတာဝန်များကိုပါ ထမ်းဆောင်ရသောကြောင့် တနိုင်းမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများ၌ တာဝန်ထမ်းဆောင် လျက်ရှိသည့် ရပ်ကျေးစာရေးများအား နိုင်ငံတော်အစိုးရမှ ဒုတိယအကြိမ် တစ်ဦးလျှင် (၁၀၀,၀၀၀)နှုန်းဖြင့် (၁၇)ဦး(၁,၇၀၀,၀၀၀)(ကျပ် တစ်ဆယ် ခုနှစ်သိန်းတိတိ)အား မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်လွင်မှ ထောက်ပံ့ ပေးအပ်ခဲ့ကြောင်းသိရသည်။

ဝါဝါ(ပြန်/ဆက်)