တီးတိန် အောက်တိုဘာ ၇
ချင်းပြည်နယ်၊တီးတိန်မြို့နယ်၌ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ကျန်းမာရေးဦးစီးဌာန၊ တီးတိန်မြို့ပေါ် (၄)ရပ်ကွက်နှင့် ကျေးလက် ကျန်းမာရေးဦးစီးဌာနမှ အသက်(၁)နှစ်ခွဲအောက် ကလေးများအား ပုံမှန်ကာကွယ်ဆေးများထိုးနှံခြင်းကို ယမန်နေ့ မွန်းလွဲ ၁ နာရီတွင် လွယ်ဘွာလ်း ရပ်ကွက်နှင့် လေးလုမ်းရပ်ကွက်တွင် တိုက်ကျွေးထိုးနှံပေးလျက်ရှိကြောင်းသိရသည်။
ထိုသို့ တိုက်ကျွေးထိုးနှံရာတွင် ကလေးငယ်များ ပြင်းထန်အဆုတ်ရောင်(ပီစီဗီ)၊ဆုံဆို့ကြက်ညှာ-မေး ခိုင်အသည်းရောင် အသားဝါ (ဘီ)၊ ဦးနှောက် အမြှေးရောင်(ငါးမျိုးစပ်ကာ ကွယ်ဆေး)၊ပြင်းထန်ဝမ်းပျက်ဝမ်း လျှော(ရိုတာ)၊ ပိုလီယိုကာကွယ်ဆေး၊ ဂျပန်ဦးနှောက် ရောင်၊ ဝက်သက်-ဂျိုက်သိုး စသည့်ရောဂါကာကွယ် ဆေးများကို တိုက်ကျွေးထိုးနှံခြင်းစသည့် ကျန်းမာရေးစောင့်ရှောက်မှုများကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ပေါင်ကျင့်မုန်(ပြန်/ဆက်)