မိုင်းငေါ့ အောက်တိုဘာ ၇
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းငေါ့မြို့တွင်၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ထုတ်ဝေသော အသိပညာပေးလက်ကမ်းစာစောင်များကို ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီး ဌာန ဝန်ထမ်းများမှ ယနေ့နံနက်ပိုင်းက မြို့မဈေး၊ မြို့တွင်းလမ်းတစ်လျှောက် ဖွင့်လှစ်ထားသော ကုန်စုံဆိုင်များနှင့် ပြည်သူများထံသို့ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
အဆိုပါလက်ကမ်းစာစောင်တွင် သင့်အမည်မဲဆန္ဒရှင်စာရင်းမှာပါ/မပါစစ်ဆေးပြီးပြီလား ၊ နောက်ဆုံး မဲဆန္ဒရှင်စာရင်းများ ကပ်ထားကြေညာရာတွင် မိမိအမည်ပါရှိခြင်းရှိ/မရှိကို မဲဆန္ဒရှင်ပြည်သူများ ကိုယ်တိုင်ကြည့်ရှုကြပြီး လိုအပ်ချက်များတွေ့ရှိပါက အမည်စာရင်းထည့်သွင်းခြင်း၊ကန့်ကွက်ခြင်း၊ ပြင်ဆင်ခြင်းများကို သတ်မှတ်ပုံစံများတွင် ဖြည့်စွက်၍ဆောင်ရွက်ကြရန်စသည့်အချက်များ ကြောင်းသိရှိရသည်။
မြင့်သွယ်(မိုင်းငေါ့ပြန်/ဆက်)