ချီဖွေမြို့နယ်တွင် မသန်စွမ်းသူ(၄၃)ဦးတို့အတွက် အိမ်တိုင်ရာရောက် ထောက်ပံ့ငွေများ ပေးအပ်

ချီဖွေ        အောက်တိုဘာလ   ၇

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ချီဖွေမြို့နယ် ကိုဗစ်-၁၉ စီးပွားရေးကုသမှုအစီအစဉ်အရ ထောက်ပံ့ရန်ကျန်ရှိသော  မသန်စွမ်းသူများအား ပထမအကြိမ် ထောက်ပံ့ငွေပေးအပ်ခြင်းကို ယမန်နေ့  နံနက်ပိုင်းမှစ၍  ချီဖွေမြို့နယ်မြို့နယ်အတွင်းရှိ တာဝန်ရှိသူများ၊ သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းမျာက အိမ်တိုင်ရာရောက် သွားရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ထောက်ပံ့ငွေများကို ကိုဗစ်-၁၉ ရောဂါ ကာလအတွင်း စားဝတ်နေရေး အဆင်ပြေစေရန် ရည်ရွယ်၍ ထောက်ပံ့ပေးအပ်ခြင်းဖြစ်ကြောင်း၊ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ၊ ပြန်လည်ထူထောင်ရေး ဦးစီးဌာန၏ ဘဏ္ဍာရန်ပုံငွေမှ ချီဖွေမြို့နယ်အတွင်းရှိ မသန်စွမ်းသူ (၄၀)ဦးနှင့် ပန်ဝါမြိုပေါ်ရပ်ကွက်(၃)ဦးစုစုပေါင်း (၄၃)ဦးတို့အား တစ်ဦးလျှင် (၃၀,၀၀၀) ကျပ်နှုန်းစီ ဖြင့် စုစုပေါင်း ထောက်ပံ့ငွေ (၁၂,၉၀၀၀၀) ကျပ်ကို အိမ်တိုင်ရာရောက် ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သိရသည်။

နန်းမြင့်(မြို့နယ်ပြန်/ဆက်)