တနိုင်းမြို့နယ် တရုံကျေးရွာ မြစိမ်းရောင်စီမံကိန်း လည်ပတ်ရန်အတွက် ပဉ္စမအကြိမ်ငွေကျပ် (၄၀,၁၀၀,၀၀၀) ထုတ်ချေးပေး

တနိုင်း  အောက်တိုဘာ ၇

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ တနိုင်းမြို့နယ်တွင် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်အတွက် တနိုင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဇော်မျိုးနှင့် ဝန်ထမ်းများမှ ကိုဗစ်-၁၉ ကာလ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ညွှန်ကြားချက်နှင့်အညီ ယမန်နေ့ မွန်းလွဲ(၁)နာရီခွဲ ကထုတ်ချေးပေးခဲ့သည်။

ထိုသို့ ထုတ်​ဝေပဉ္စမအကြိမ် တရုံမြစိမ်းရောင် စီမံကိန်းလည်ပတ်ရန် ပုံငွေကျပ်(၄၀၁၀၀,၀၀၀)အား စိုက်ပျိုးရေး လုပ်ငန်းလုပ်ကိုင်ရန်(၄၄)ဦး၊ မွေးမြူရေးလုပ်ငန်း လုပ်ကိုင်ရန်(၄၄)ဦးနှင့် အရောင်းအဝယ် လုပ်ငန်းလုပ်ကိုင်ရန် (၅)ဦးတို့အတွက် အသင်း သား(၉၃)ဦးအား အရင်းတစ်နှစ်ဆပ်၊ ငါးမူးတိုး(၃)လတစ်ကြိမ် ဆပ်ခြင်းဖြင့် ပြန်လည်ထုတ်ချေးခဲ့ကြကြောင်း မြို့နယ်ကျေးလက်ဦးစီးမှူး ဦးဇော်မျိုးထံမှ သိရသည်။

ဝါဝါ(ပြန်/ဆက်)