တီးတိန်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကူးစက်ပျံ့ပွားမှု မရှိစေရေး အသိပညာပေး လှည့်လည်ကြေညာ

တီးတိန်     အောက်တိုဘာ   

ချင်းပြည်နယ်၊တီးတိန်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့ပွားမှု မရှိစေရေးအတွက် လိုင်တွီးကျေးရွာအုပ် ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များ၊မြို့နယ်သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်များ ပူးပေါင်းပြီး ယမန်နေ့ မွန်းလွဲပိုင်းတွင် ကျေးရွာအတွင်း၌ လှည့်လည်၍ အသိပညာပေးဆော်သြခြင်းများ ဆောင်ရွက်ခဲ့ ကြောင်း သိရသည်။


ထိုသို့ ဆောင်ရွက်ရာတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ၂၀၂ဝ ပြည့်နှစ်၊ စက်တင်ဘာလ ၂၈ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါ ကူးစက်ရရှိနိုင်ချေများသော အပြုအမူများကို သိရှိလိုက်နာ နိုင်ရန်အတွက် အသိပညာပေး လှည့်လည်ဆော်သြခြင်းဖြစ်ကြောင်း တီးတိန်မြို့နယ်၊ မီးသတ်ဦးစီး ဌာရုံးမှ သိရသည်။

ပေါင်ကျင့်မုန်(ပြန်/ဆက်)