ရိခေါ်ဒါရ် အောက်တိုဘာ ၆
ချင်းပြည်နယ်၊ ရိခေါ်ဒါရ်မြို့ အ.ထ.ကခွဲကျောင်း၌ အသွားအလာကန့်သတ် စောင့်ကြည့်ထားရှိသည့် ပြည်ပနိုင်ငံများမှ နေရပ်ပြန်လာသူ ရှစ်ဦးတို့၏ နှာခေါင်းနှင့် အာခေါင်တို့ဖတ် (Swab)ကို စစ်ဆေးရာတွင် ကိုဗစ်-၁၉ ရောဂါပို့ တွေ့ရှိခြင်းမရှိကြောင်း ရိခေါ်ဒါရ်မြို့ ကျန်းမာရေးဌာနမှ သိရသည်။
အဆိုပါ နေရပ်ပြန်လာသူရှစ်ဦးတို့သည် အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ အိုင်ဇောလ်မြို့ (Aizawl)မြို့သို့ သွားရောက်ခဲ့ရာမှ နေရပ်ပြန်လာ သူများဖြစ်ကြပြီး ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေးအတွက် ရိခေါ်ဒါရ်မြို့ အထကခွဲကျောင်း၌ အသွားအလာကန့်သတ် Facility Quarantine စောင့်ကြည့် ထားရှိခြင်းဖြစ်ပြီး အဆိုပါ ရှစ်ဦးတို့အား နှာခေါင်းနှင့် အာခေါင်တို့ဖတ် (Swab)ကို တီးတိန်မြို့သို့ ပေးပို့စစ်ဆေးရာတွင် ကိုဗစ်-၁၉ ရောဂါပို့ တွေ့ရှိခြင်းမရှိကြောင်း သိရသည်။
ရိခေါ်ဒါရ်မြို့၊ အခြေခံပညာအထက်တန်းကျောင်းခွဲတွင် လက်ရှိ၌ အသွားအလာကန့်သတ်ခြင်း Facility Quarantine စောင့်ကြည့်ထားရှိသူ (၁၁)ဦး ရှိကြောင်း သိရသည်။
လာလ်ပက်လောမ် (ပက်ကာ)