ရိခေါ်ဒါရ် အောက်တိုဘာ ၇
ချင်းပြည်နယ်၊ ဖလမ်းခရိုင်၊ ရိခေါ်ဒါရ်မြို့၌ စေတနာအလှူရှင်တစ်ဦးမှ နှာခေါင်းစည်းနှင့် မျက်နှာအကာ Face Shield များကို မြို့ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ တားဆီးရေး ကော်မတီထံသို့ အောက်တိုဘာ ၅ ရက်က လာရောက်လှူဒါန်းပေးခဲ့ကြောင်း သိရသည်။
ရိခေါ်ဒါရ်မြို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ တားဆီးရေးကော်မတီမှ ဒေသအတွင်း ရောဂါကြိုတင်ကာကွယ်ရေးနှင့် ရောဂါပြန့်ပွားမှုထိန်းချုပ်ရေး လုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ စေတနာအလှူရှင် တစ်ဦးဖြစ်သည့် ဖလမ်းမြို့နယ်၊ ဖွန်သဲ ကျေးရွာနေ ဦး Issac မှ ရောဂါကြိုတင်ကာကွယ်ရေးလုပ်ငန်းသုံးပစ္စည်းများဖြစ်သည့် နှာခေါင်းစည်း (Mask) ၁၀၀၀၊ မျက်နှာ အကာ (Face Shield) ၁၀၀၀ နှင့် လက်အိတ် (၁၀၀၀)တို့ကို ကော်မတီထံသို့ လာရောက်လှူဒါန်း ပေးခဲ့ကြောင်း သိရသည်။
လာလ်ပက်လောမ် (ပက်ကာ)