မင်္ဂလာတောင်ညွန့်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် အသုံးပြုနိုင်ရန်အတွက် အလှူငွေ(၁၅)သိန်းကျပ်နှင့် ဆန်အိတ်များကို စေတနာရှင်များမှ လာရောက် လှူဒါန်း

ရန်ကုန် အောက်တိုဘာ ၆


ရန်ကုန်အရှေ့ပိုင်းခရိုင်၊ မင်္ဂလာတောင်ညွန့်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးတို့တွင် ထိရောက်မြန်ဆန်စွာ ဆောင်ရွက်နိုင်စေရန်အတွက် စေတနာရှင်များ စုစည်း၍ အလှူငွေများကို မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီသို့ ယမန်နေ့ နံနက်ပိုင်းက လာရောက်လှူဒါန်းခဲ့ကြသည်။
ထိုသို့လှူဒါန်းရာတွင် ကာလာဘတ်(စ်)တီး စွန်နီဂျာမေဗလီမှ အလှူငွေ (၁၀) သိန်းကျပ်၊ Thang Tin Sum နှင့် Tail Vang Lian မိသားစုမှ အလှူငွေကျပ် (၅) သိန်းနှင့် ဦးစိုးမြင့်၊ဒေါ်သိန်းမြင့်နှင့် ဦးသန်းမြင့် (ဆေးဆိုင်)မှ အလှူငွေကျပ်(၃)သိန်း စုစုပေါင်း (၁၅) သိန်းကျပ်အားလည်းကောင်း၊ ကန်တော်ကလေး အရှေ့ပိုင်းရပ်ကွက်မှ အလှူရှင်(၈)ဦးတို့မှ လှူဒါန်းသည့် ဆန်အိတ်(၈)အိတ်အား အလှူရှင်များကိုယ်စား ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးမြင့်ဇော်မှလည်းကောင်း လာရောက်လှူဒါန်းခဲ့ရာ မြို့နယ်ပြည်သူ့ လွှတ်တော်ကိုယ်စား လှယ် ဒေါ်ဖြူဖြူသင်း၊ အမှတ်(၂)တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးရန်အောင်၊ မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ဝင်း နှင့် မြို့နယ်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဦးခင်လှိုင်တို့က အသီးသီးလက်ခံရယူပေးခဲ့ကြ ပြီး ကျေးဇူးတင်စကားများ ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။
မင်္ဂလာတောင်ညွန့်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများ ထိရောက်စွာ ဆောင်ရွက်နိုင်ရေးအတွက် Community Based Facility Quarantine Centre များကို သိမ်ဖြူလက်ဝှေ့ရုံနှင့် အ.ထ.က(၄) တို့တွင်လည်းကောင်း၊ အနံ့ပျောက်သူများအတွက် အသွားအလာ ကန့်သတ်စောင့်ကြည့်ခြင်းကို အ.ထ.က(၁)တွင် လည်းကောင်း ဆောင်ရွက်ပေးထားပြီး အဆိုပါနေရာ များတွင် အသွားအလာ ကန့်သတ်ထားသူ (၁၈၀)ဦးရှိရာ အဆိုပါစောင့်ကြည့်သူများအတွက် နေ့စဉ် လိုအပ်သည် များကို ဖြည့်ဆည်းပေးနိုင်ရေးအတွက် တာဝန်ရှိသူများနှင့် စေတနာရှင်များ၊ Volunteer များ၊ မြို့နယ်ကြက်ခြေနီအသင်းတို့မှ ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
 ချစ်စုဝေ (ပြန် /ဆက်)