ကြာအင်းဆိပ်ကြီး ဖေဖေါ်ဝါရီ ၂၇
ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကြာအင်းဆိပ်ကြီးမြို့တွင် မြို့နယ်မီးသတ်ဦးစီးဌာနမှ အများပြည်သူများ အသက်အန္တရာယ် ဥစ္စာပစ္စည်းဆုံးရှုံးမှုမရှိစေရေးအတွက် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောခြင်းနှင့် လက်တွေ့မီးငြှိမ်းသတ်ခြင်း သရုပ်ပြသခြင်းကို ယနေ့နံနက်၁၀နာရီအချိန်က ဌာန ဆိုင်ရာရုံးများ စက်သုံးဆီအရောင်းဆိုင်များ မြို့ပေါ်ရပ်ကွက်များအားသွားရောက်ကာ မီးဘေးဆိုင်ရာအကြံပြုစစ်ဆေးခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ထို့နောက် မီးသတ်ဦးစီးမှူး ဦးအောင်သန်းဝင်းနှင့် မီးသတ်ဝန်ထမ်းများက နယ်စပ်ဒေသတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးသင်တန်းကျောင်းနှင့် အခြေခံပညာအထက်တန်းကျောင်း(ခွဲ)ကြာအင်းကြီးကျေးရွာသို့ သွားရောက်ပြီး မီးဘေးကြိုတင်ကာကွယ်ရေးအသိပညာပေးခြင်းဆိုင်ရာများအား ပြောကြားပြီး မီးသတ်ဆေးဗူး များဖြင့် ကျောင်းသားကျောင်းသူများအား ကိုယ်တိုင်လက်တွေ့သင်ကြားမီးငြှိမ်းသတ်စေခဲ့ကြောင်းသိရသည်။
မျိုးမင်းဦးပြန်/ဆက်