လိုင်လင်းပီ အောက်တိုဘာ ၅
ကိုဗစ်-၁၉ ရောဂါကာလ စီးပွားရေးကုစားမှုအစီအစဉ်အရ နိုင်ငံတော်မှထောက်ပံ့ပေးသည့် အသက်(၈၀)မှ (၈၅)နှစ်ကြား ဘိုးဘွားများအား ထောက်ပံ့ငွေပေးအပ်ခြင်းကို ချင်းပြည်နယ်၊ မတူပီမြို့နယ်၊ လိုင်လင်းပီမြို့၌ ယနေ့ နံနက်(၁၁)နာရီအချိန်တွင် ရပ်ကွက်အုပ်ချုပ်ရေး အဖွဲ့ဝင်များမှ အိမ်တိုင်ရာရောက်ပေးအပ်ခဲ့ကြသည်။
ထောက်ပံ့ငွေများပေးအပ်ရာ၌ လိုင်လင်းပီမြို့ပေါ်ရပ်ကွက် (၂)ခုရှိ အသက်(၈၀)မှ (၈၅)နှစ်ကြား ဘိုးဘွား(၁၂)ဦးကို တစ်ဦးလျှင် ကျပ်(၃၀,၀၀၀)နှုန်းဖြင့် စုစုပေါင်း ကျပ်(၃၆၀,၀၀၀) ပေးအပ်ခဲ့ခြင်းဖြစ်ကြောင်းနှင့် အဆိုပါထောက်ပံ့ငွေများကို မတူပီမြို့နယ်၊ လူမှုဝန်ထမ်း ဦးစီးဌာနမှတဆင့် လိုင်လင်းပီမြို့၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့က တာဝန်ယူပြန်လည် ဖြန့်ဝေပေးခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။
ယာကမ် (ပြန်/ဆက်)