မိုင်းခုတ် အောက်တိုဘာ ၅
ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့ အမှတ်(၂)ရပ်ကွက်(ဝမ်ဝိန်း)တွင် ဒေသခံပြည်သူများအား သောက်သုံးရေဖူလုံစွာဖြန့်ဝေပေးနိုင်ရေးအတွက် ရေပိုက်လိုင်းများသွယ်တန်းခြင်းကို မြို့ရုံးစည်ပင်သာယာရေး ဌာနမှ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
"၂၀၁၉-၂၀၂၀ဘဏ္ဍာနှစ်မှာ (၂)လက်မပိုက်နဲ့ အရှည်ပေ(၁၇၀၀၀)ရှိတဲ့ စိမ့်စမ်းရေသွယ်ယူခြင်း လုပ်ငန်းကို ရှမ်းပြည်နယ်စည်ပင်သာယာရေးဌာနရဲ့ ငွေလုံးငွေရင်းအသုံးစရိတ် ခွင့်ပြုငွေကျပ်သိန်း(၁၂၀)နဲ့ဆောင်ရွက် ခဲ့ပါတယ်၊ အခု ရေစုကန်ကနေ ရုံးဌာနတွေနဲ့ နေအိမ်တွေကို ရေဖြန့်ဝေပေးနိုင်ဖို့ ရေပိုက်တေွ သွယ်တန်းနေ တာပါ၊ ပြီးရင်တော့ ရေအသုံးပြုလိုတဲ့ ဒေသခံပြည်သူနဲ့ ရုံးဌာနတွေကို ရှမ်းပြည်နယ်စည်ပင်သာယာရေးဌာနရဲ့ စည်းကမ်းချက်တွေနဲ့အညီ အောက်တိုဘာလ ဒုတိယပတ်လောက်မှာ လျှောက်လွှာခေါ်ယူပြီး ရေဖြန့်ဝေပေး သွားမှာပါ" ဟု မြို့ရုံးစည်ပင်သာယာရေးဌာန တာဝန်ခံ ဦးစိုင်းဆိုင်ဟိန်းက ပြောသည်။
"ရေပိုက်ခေါင်းလေးဖွင့်ပြီး ရေသုံးလို့ရတော့မှာဆိုတော့ ကောင်းတာပေါ့ဗျာ၊ မြန်မြန်သွယ်ပေးစေချင်ပါတယ်" ဟု အမှတ်(၂)ရပ်ကွက်မှ ဒေသခံတစ်ဦးကပြောသည်။
မြို့ရုံးစည်ပင်သာယာရေးဌာနမှ ရေဖြန့်ဝေပေးခြင်းလုပ်ငန်းအတွက် ရေအသုံးပြုမည့် ဒေသခံပြည်သူနှင့် ဌာနဆိုင်ရာရုံးများအား ရေငုတ်(၁)ခုလျှင် တစ်လကျပ်-၃၀၀၀/ နှုန်းကောက်ခံသွားရန် ညှိနှိုင်းထားကြောင်းသိရ သည်။
စိုးတင့်(ပြန်/ဆက်)