ခေါင်လန်ဖူးမြို့နယ် ပြည်သူ့ဆေးရုံသို့ လူနာကုတင်နှင့် ဆေးဝါးများ လှူဒါန်း

ခေါင်လန်ဖူး အောက်တိုဘာ ၄

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ခေါင်လန်ဖူးမြို့နယ် ပြည်သူ့ဆေးရုံအတွက် လူနာကုတင်နှင့်ဆေးဝါးများ လှူဒါန်းခြင်း ကို ယမန်နေ့က ခေါင်လန်ဖူးမြို့နယ် ပြည်သူ့ဆေးရုံတွင် ပြုလုပ်ခဲ့သည်။

ခေါင်လန်ဖူးမြို့နယ်ပြည်သူ့‌ဆေးရုံတွင်အသုံးပြုရန် လူနာကုတင် ၄ လုံးနှင့် မြို့နယ်အတွင်းရှိ ကျေးလက် ကျန်းမာရေး ဆေးပေးခန်းများအတွက် ဆေးဝါးများ စုစုပေါင်းတန်ဖိုးကျပ်(၁၀)သိန်းကို ဖားကန့်မြို့နယ် မမုံကျေးရွာမှ ဦးထွန်းနိုင် ကလှူဒါန်းခဲ့ခြင်းဖြစ်သည်။

ခေါင်လန်ဖူးမြို့နယ် ပြည်သူ့ဆေးရုံသည် ကုတင်၂၅ ကုတင်ဆံ့ဆေးရုံဖြစ်သော်လည်း လမ်းပန်းဆက် သွယ်ရေး ခက်ခဲမှုများကြောင့် ယခုကိုဗစ်-၁၉ ဖြစ်ပွါးနေတဲ့ကာလအတွင်းမှာ ကျန်းမာရေးအသိပညာပေးလုပ်ငန်း များကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနရဲ့ လမ်းညွှန်ချက်တွေနဲ့အညီ ဒေသခံသက်ကြီးဘိုးဘွားများထံ တစ်ပတ် တစ်ကြိမ် အိမ်အရောက် ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးခြင်းနှင့် ကျန်းမာရေးစောင့် ရှောက်မှုများ အား ကျေးရွာများသို့ အ‌ရောက် ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိရာ ယခုလို ဆေးရုံနှင့်ကျေးလက် ကျန်းမာ‌ရေးဆေးပေးခန်းများအတွက် လူနာကုတင်နှင့်ဆေးဝါးများလှူဒါန်းပေးခြင်းကို များစွာကျေးဇူးတင် ပါကြောင်း မြို့နယ်ဆရာဝန်ကြီး ဒေါက်တာ ဂွမ်ဆိုင်းလီက ပြောကြားခဲ့​ကြောင်းသိရသည်။

ငြိမ်းအိအိဖြိုး(ပြန်/ဆက်)