ကျေးလက်စာကြည့်တိုက်များ ရှင်သန်ဖွံဖြိုးရေး ကွင်းဆင်းဆောင်ရွက်

တွံတေး ဧပြီ ၂၅

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ် ကံဘဲ့ကျေးရွာအုပ်စု၊ ကံဘဲ့ကျေးရွာရှိ ပညာရောင်ခြည် ကျေးလက်စာကြည့်တိုက် ရှင်သန်ဖွံဖြိုးရေး   ကျေးလက်နေပြည်သူများ လူ့စွမ်းအား အရင်းအမြစ်ဖွံ့ဖြိုးတိုးတက်လာစေရန်၊ စာဖတ်ရှိန်မြှင့်မားတိုးတက်လာစေရန်အတွက် ပြန်လည်ရှင်သန်နိုင်ရေး ကွင်းဆင်းဆောင်ရွက်ခြင်းကို ယနေ့နံနက် (၉)နာရီက အဆိုပါစာကြည့်တိုက်များသို့ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်းသိရသည်။

အဆိုပါကွင်းဆင်းရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးအရာရှိ ဦးသက်ဦးနှင့်ဝန်ထမ်းများက ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် စာကြည့်တိုက်ကော်မတီဝင်များနှင့် တွေ့ဆုံကာ၊ စာကြည့်တိုက်ရေရှည်တည်တံရေး၊ စာအုပ်စာစောင်တိုးပွားရေး၊ ခိုင်မာသော စာကြည့်တိုက်ကော်မတီတစ်ရပ်ဖွဲ့စည်းဆောင်ရွက်ရေး ရှင်းလင်းဆွေးနွေးပြီး စာကြည့်တိုက်များကို ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ ကျေးရွာသူ/ ကျေးရွာသားများအား စာဌားခြင်း/ မိုဘိုင်စနစ်ကျင့်သုံးနိုင်ရေး၊ ကျောင်းသားလူငယ်များ စာကြည့်တိုက်သို့ လာရောက်စေရန်စည်းရုံရေး၊ လူငယ်စာဖတ်ဝိုင်းများ ကျင်းပဆောင်ရွက်နိုင်ရေးစာကြည့်တိုက်အား ပုံမှန်ဖွင့်လှစ်နိုင်ရေးအလေးထား ဆွေးနွေးခဲ့ကြောင်း သိရသည်။

တွံတေးသား (ပြန်/ ဆက်)