ဆည်ကြီးကျေးရွာတွင် ငှက်ပျောပင်များ တစ်နိုင်တစ်ပိုင် စိုက်ပျိုးခြင်းဖြင့် မိသားစုအပိုဝင်ငွေ ရရှိ၍ ပိုမိုစိုက်ပျိုးလာ

ရမည်းသင်း မတ် ၂၅

မန္တလေးတိုင်းဒေသကြီး ရမည်းသင်းမြို့နယ် ဆည်ကြီးကျေးရွာတွင် ငှက်ပျောပင်များ တစ်နိုင်တစ်ပိုင် စိုက်ပျိုးခြင်းဖြင့် မိသားစုအပိုဝင်ငွေရရှိ၍ ပိုမိုစိုက်ပျိုးလာကြောင်း သိရသည်။

အဆိုပါ ငှက်‌‌ပျောပင်ကို စစိုက်တာ(၃၇)ပင်ပဲ မျိုးဝယ်ပြီး စစိုက်တာ ယခုဆို အပင်အရည် (၁၅၀)လောက်ရှိပြီငှက်ပျောကစိုက်ပျိုးပြီး (၁၃)လလောက်မှ စားရတယ် ရေပဲ လောင်းပေးတယ် အလုပ်အားတဲ့အချိန်မှ နွား‌ချေးထည့်ပေးတယ် ငှက်ပျောခုတ်တာကတော့ တန်ခူးဝါဆိုသီတင်းကျွတ်လတွေမှာ ခုတ်တယ် ကြားထဲမှာ ရင့်ရင်တောရွာထဲပဲ ရောင်းလိုက်တယ်လို့ ငှက်‌ပျောစိုက်ပျိုးရောင်းချသူ ဦးမောင်မြင့်ထံက သိရသည်။

ငှက်ပျော  (၁)ဖီးကို (၁၀၀)ကျပ်ဖြင့် ရောင်းချရပြီး  တစ်ခါခုတ်ရင် အခိုင်(၁၃၀) လောက် ရရှိကာ မိသားစု အပိုဝင်ငွေ ရရှိ၍ ပိုမိုစိုက်ပျိုးလာကြောင်းနှင့်  မိသားစု စားဝတ်နေရေးကို တစ်ဖတ်တစ်လမ်းမှ အထောက်အကူ ပေးလျက်ရှိကြောင်း  သိရသည်။

 (ခရိုင် (ပြန်/ဆက်)