မိုင်းဆတ် ဧပြီ ၂၄
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့၌ ဧပြီလ(၂၀)ရက်နေ့ညနေပိုင်းက လေပြင်းတိုက်ခတ်မှုကြောင့် အောင်ချမ်းသာကျေးရွာတွင် နေအိမ် တစ်လုံး အမိုးလန်ပျက်စီးခဲ့သည့် မိသားစုအား ယနေ့ နံနက် ၁၁ နာရီက ကယ်ဆယ်ရေးပစ္စည်းနှင့် ထောက်ပံ့ငွေများပေးအပ်ခဲ့ကြောင်းသိရသည်။
အဆိုပါ လေဘေးသင့်အိမ်ထောင်စုအား ခရိုင်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်စန္ဒာရွှေနှင့်တာဝန်ရှိသူတို့က ကယ်ဆယ်ရေးပစ္စည်း(၂၂)မျိုး၊ ထောက်ပံ့ငွေကျပ် (၁)သိန်းနှင့် ဆန်ရိက္ခာစရိတ်တို့ကို ထောက်ပံ့ပေးအပ်ရာ လေဘေးသင့်အိမ်ရှင်တစ်ဦးက လက်ခံရယူ ခဲ့ကြောင်းသိရသည်။
မြင့်မောင်(ပြန်/ဆက်)