ညောင်ဦးမြို့နယ်၌ သောက်ရေသန့်စင်ကားဖြင့် သောက်ရေသန့်ဂါလံ ၅၀၀၀ ဖြန့်ဝေလှူဒါန်း

ညောင်ဦး ဧပြီ ၂၄

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ညောင်ဦးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ ညောင်ဦးမြို့နယ်အတွင်း သောက်ရေ လိုအပ်လျက်ရှိသော ကျေးရွာများသို့ သောက်ရေသန့်စင်ကားဖြင့် ယမန်နေ့နံနက် ၉ နာရီခွဲအချိန်က သောက်ရေသန့်စင်ကားဖြင့် သောက်ရေသွားရောက် လှူဒါန်းခဲ့ကြောင်း ညောင်ဦးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနန်းတင့်ထံက သိရသည်။

ထိုသို့ သောက်ရေသွားရောက်လှူဒါန်းခဲ့ရာ ညောင်ဦးမြို့နယ် တောင်ဇင်းကျေးရွာအုပ်စု၊ မကျီးစောက်ကျေးရွာ အိမ်ခြေ ၂၁၀၊ အိမ်ထောင်စု ၂၁၀၊ လူဦးရေ ၁၂၀၀ အတွက် သောက်ရေသန့်စင်ကားဖြင့်  သောက်ရေသန့်ဂါလံ ၅၀၀၀ အား  ညောင်ဦးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သွားရောက် လှူဒါန်းခဲ့ကြောင်း သိရသည်။

ဒီပါလင်း