ကျောက်တံတားမြို့နယ်၌ ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ဒေသဖွံဖြိုးရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးပြုလုပ်

ကျောက်တံတား ဧပြီ ၂၂

ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ ကျောက်တံတားမြို့နယ်တွင် ဒေသဖွံ့ဖြိုးတိုး တက်ရေးနှင့် ပြည်သူများ ကိုဗစ်-၁၉ရောဂါ မဖြစ်ပွားစေရေးတို့အတွက် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့၊ မြို့နယ်အဆင့်ဌာန ဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ ရပ်ကွက်အုပ်ချုပ်ရေး မှူးများတွေ့ဆုံ၍  လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ မွန်းလွဲ ၁ နာရီက မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်စိန်က  မိမိအနေဖြင့် ကျောက်တံတားမြို့နယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့မိ မြို့ဖများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများအား  တင်ပြလာသည့် လိုအပ်ချက်များအား    ပေါင်းစပ်အကောင်အထည်ဖော် ဆောင်ရွက်ပေးနိုင်ရေး၊ ယခုအခါကိုဗစ်- ၁၉ရောဂါသည် ဖြစ်ပွားမှုများရှိလာသည့်အတွက် ဌာန ဆိုင်ရာများ နှင့်ရပ်ကွက်အုပ်ချုပ်ေရးမှူးများအနေဖြင့် မိမိတို့၏ဝန်ထမ်းများ၊ ရပ်ကွက်နေပြည်သူများအားအထူးဂရုစိုက်နေထိုင်သွားကြဖို့လိုကြောင်း၊ ကျန်းမာရေးဝန်ကြီးဌာန၏ ညွှန်ကြားချက်များအား လိုက်နာကြဖို့လိုကြောင်း လိုအပ်ချက်များ ရှိပါက ပွင့်ပွင့်လင်းလင်းပြောကြားစေလိုပါကြောင်း ပြောကြားခဲ့သည်။

ဆက်လက်၍ တက်ရောက်လာသည့် မြို့နယ်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့မိမြို့ဖများ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးများမှ လိုအပ်ချက်များအား ဆွေးနွေးပြောကြားခဲ့ကြရာ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်စိန်နှင့် အဖွဲ့ဝင်များကလည်း ဖြည့်စွက်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

လှလှထွေး(ပြန်/ဆက်)