ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ် လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် Women Club ပြန်လည်ဖွဲ့စည်း

ဒဂုံမြောက် ဧပြီ  

ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်ခရိုင် ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ Women Club ပြန်လည်ဖွဲ့စည်းခြင်းကို မန်နေ့ နံနက် ၁၀ နာရီအချိန်က လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ပြုလုပ်ခဲ့ကြောင်းသိရသည်။

ပထမဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဒေါ်မြင့်မြင့်ရီက Women Club ပြန်လည်ဖွဲ့စည်းခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားရာတွင် အမျိုးသမီးများ၏ ဘ၀ဖွံ့ဖြိုးတိုးတက်စေရန်၊ အမျိုးသမီးကဏ္ဍဆိုင်ရာဆွေးနွေးပွဲများ ဆောင်ရွက်နိုင်စေရန်၊ အမျိုးသမီးအခွင့်အရေးများ ကာကွယ်နိုင်စေရေးနှင့် လိုအပ်ချက်များကူညီဆောင်ရွက်ပေးနိုင်စေရေး စသည့်ရည်ရွယ်ချက်ကောင်းများဖြင့် Women Club အသင်းကို ပြန်လည်ဖွဲ့စည်းရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဆက်လက်၍ Women Clubအသင်းဖွဲ့စည်းရာတွင် ဥက္ကဋ္ဌ၊ အဖွဲ့၀င်များ၊ အတွင်းရေးမှူး စသည့်အဖွဲ့၀င် (၁) ဦးတို့ဖြင့် ဖွဲ့စည်းခဲ့ပြီး တက်ရောက်လာသူများက ပြန်လည်အကြံပြုဆွေးနွေးခဲ့ကြသည်။ ဖွဲ့စည်းပြီးသည့် Women Club အသင်းအနေဖြင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်ပူးပေါင်းကာ စာဖတ်ဝိုင်းများ၊ အသိပညာပေးလုပ်ငန်းများ၊ ဆွေးနွေးပွဲများကို ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

မြင့်မြင့်ရီ