တံတားဦးမြို့နယ်တွင် ခရမ်းသီးများ အောင်မြင်ဖြစ်ထွန်း

တံတားဦး ဧပြီ ၂၁

တံတားဦးခရိုင် တံတားဦးမြို့နယ်တွင် မိသားစုနေအိမ်ခြံဝန်းများအတွင်း စိုက်ပျိုးထားသော စားဖိုဆောင်သီးနှံတစ်ခုဖြစ်သည့် ခရမ်းသီး အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း အမှတ်(၂)ရပ်ကွက် ဆုံကုန်းရပ် ခရမ်းသီးပင်စိုက်ပျိုးထားသော ဦးမြသောင်းထံမှ သိရသည်။

စားဖိုဆောင်သီးနှံ ခရမ်းသီးပင်စိုက်ပျိုးထားသော ဦးမြသောင်းနှင့် တွေ့ဆုံမေးမြန်းရာတွင် ခရမ်းသီးပင်ကို ဝါခေါင်လတွင် စတင်စိုက်ပျိုးပြီး စိုက်ပျိုးပြီး(၃)လအကြာတွင် စတင်ဆွတ်ခူးရပါကြောင်း ရှေးလူကြီးများ ဆိုရိုးစကားအတိုင်း အိမ်နောက်ဖေးဈေးဆိုတည် ဆိုသလို မိမိအနေဖြင့် စားဖိုဆောင် သုံးစိုက်ပျိုးခြင်းဖြစ်ကြောင်း ၊ ခရမ်းသီးပင် စတင်ပေါ်ထွက်ချိန်မှ နောက် (၅)လအထိ အသီးများလိုင်လိုင်ပေါ၍ ခူးဆွတ်ရပါကြောင်း ခရမ်းသီးများကို တစ်လအတွင်း တစ်နေ့လျှင် အလုံးရေ(၅၀)မှ(၁၀၀)ကြား  ခူးဆွတ်ရသည့်အပြင် စားဖိုဆောင်တွင်လည်း ချက်ပြုတ်စားသောက်ရသည့်အတွက် ပိုလျှံ၍ ရောင်းချရသည့်အတွက် မိသားစုစားဝတ်နေရေးလည်း အဆင်ပြေကြောင်း သိရသည်။

ခရမ်းသီးစိုက်ပျိုးမှု တစ်ဧကမှာ ထုတ်လုပ်ကုန်ကျစရိတ်အနေဖြင့် ငွေကျပ်(၅)သိန်းခန့် ကုန်ကျမည်ဖြစ်ကြောင်း၊ ခရမ်းသီး တစ်ပိဿာလျှင် ငွေကျပ်(၅၀၀)ဖြင့် ပြန်လည်ရောင်းချရသည့်အတွက် အပိုဝင်ရရှိပြီး အကျိုးအမြတ်မှာ ငွေကျပ်သိန်း(၃၀)ခန့် ရရှိမည်ဖြစ်ကြောင်း၊ တောင်သူများအနေဖြင့် ယခုအချိန် ယခုအချိန်စိုက်ပျိုးရာတွင် သွင်းအားစု ဈေးနှုန်းကြီးမြင့်နေသော်လည်း ခရမ်းသီး ဈေးနှုန်းမြင့်ပြီး အထွက်နှုန်း ကောင်းမွန်သဖြင့် တိုးချဲ့စိုက်ပျိုးသင့်ကြောင်းနှင့် အမြတ်အစွန်းလည်းပိုမိုရရှိမည်ဖြစ်ကြောင်း သိရသည် ။

ဦးရဲတင့်(ပြန်/ဆက်)