ကျိုက်ဒုံမြို့၊ လူထုအခြေပြုဗဟိုဌာန(Community Centre)၌ စာဖတ်ဝိုင်းကျင်းပ

ကျိုက်ဒုံ ဧပြီ ၂၁

ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကျိုက်ဒုံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)တွင် ယမန်နေ့နံနက် ၁၀ နာရီက စာအုပ်စာပေချစ်မြတ်နိုးသူများအသင်း ( Book Club)မှ စာဖတ်ဝိုင်းဆွေးနွေးပွဲ ကျင်းပသည်။

ဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျိုက်ဒုံမြို့ဦးစီးမှူးဦးကျော်လင်းနိုင်က စာဖတ်ရှိန်မြင့်မားလာစေရန်နှင့် စာပေမှရရှိသည့် ဗဟုသုတအကြောင်းအရာများကို အပြန်အလှန်ဆွေးနွေးစေရေးအတွက် စာဖတ်ဝိုင်းကျင်းပ ပြုလုပ်ရခြင်းဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် စာဖတ်ဝိုင်းဆွေးနွေးပွဲတွင် စာရေးဆရာဉာဏ်ဝေ(မြစ်သာမြေ) ရေးသားထားသော “နှင်းတောင်တန်းက ပန်းဥယျာဥ်” စာအုပ်ဖြင့်  စာအုပ်စာပေချစ်မြတ်နိုးသူများအသင်း(Book Club)အဖွဲ့ဝင် ဦးမင်းငြိမ်းအောင်မှ ရှေ့ဆောင်လမ်းပြဆရာ့ဘဝ၊ အညတရကြယ်လေးများ၊ မချိုတော့မည့် ခေါင်းလောင်းသံ ခေါင်းစဥ်ဖြင့်လည်းကောင်း၊ စောဘရွှေမှ ပညာရေးနှင့်မဝေးစေချင်၊ နံရံကပ်စာစောင်လေး၊ တောင်တန်းမြေက အညတရ မီးအိမ်ရှင်များစသည့် စာအုပ်ပါအကြောင်းအရာခေါင်းစဥ်များဖြင့် အပြန်အလှန်ဆွေးနွေးခဲ့ကြောင်း သိရသည်။

သန်းထွန်းနိုင်(ကျိုက်ဒုံ)ပြန်/ဆက်