ကမမောင်းမြို့၌ စာဖတ်ဝိုင်း ကျင်းပ

ကမမောင်း ဧပြီ ၂၁

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့တွင်  စာရေးဆရာ ဦးလွင်ဦး ရေးသားထားသော ခေါင်းဆောင်ကောင်း စာအုပ်ဖြင့် ယမန်နေ့နံနက်(၁၀)နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ စာဖတ်ဝိုင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ကမမောင်းမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာကြည့်တိုက်လက်ထောက်-၃(အင်အားပြ) ဒေါ်တင်တင်လှက ပြည်သူများအနေဖြင့် အသိပညာ ဗဟုသုဖွံ့ဖြိုးတိုးတက်လာစေရန်နှင့်စာဖတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန် ရည်ရွယ်၍ စာဖတ်ဝိုင်းများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း ရှင်းလင်းပြောကြားပြီး စာဖတ်ဝါသနာရှင်တစ်ဦးက ခေါင်းဆောင်ဆိုသည်မှာ မိမိအဖွဲ့အစည်း၏ ရည်မှန်းချက်ပန်းတိုင်သို့ အောင်မြင်စွယ်လှမ်းနိုင်ရေးအတွက် အဖွဲ့သားများအားလုံးအား စည်းရုံးဖွဲ့စည်း၍ ဦးစီးဦးဆောင်ပြုလုပ်ကာ ရှေ့ဆောင်လမ်းပြ သြဝါဒပေး၍ ဆောင်ရွက်နေသူဖြစ်ကြောင်း၊ ခေါင်းဆောင်သူရှိနေမှန်း မသိသာစေဘဲ ခေါင်းဆောင်နိုင်သူသည် အကောင်းဆုံး ခေါင်းဆောင်ဖြစ်ကြောင်း၊ ခေါင်းဆောင်မှုဆိုသည်မှာ ထိုခေါင်းဆောင်၏ ပြောဆိုမှု၊ ဆောင်ရွက်လုပ်ကိုင်မှု၊ ရှေ့ဆောင်လမ်းပြမှု အစုစုကို ခေါ်ဆိုခြင်းဖြစ်ကြောင်း စသည့်အကြောင်းအရာများကို ဆွေးနွေးခဲ့ကြောင်း သိရသည်။

ထို့နောက် တက်ရောက်လာသော စာဖတ်ဝါသနာရှင်များက စာအုပ်ပါ အကြောင်းအရာများကို အပြန်အလှန်ဆွေးနွေးခဲ့ကြပြီး စာဖတ်ဝိုင်းဆွေးနွေးပွဲအား ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် လမ်းညွှန်ချက်များနှင့်အညီ ကျင်းပခဲ့ကြောင်း သိရသည်။

သန့်ဇင်(ပြန်/ဆက်)