မြစ်သားမြို့နယ် မြန်မာ့စီးပွားရေးဘဏ်၌ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ပင်စင်လစာငွေများ လစဥ် ပုံမှန်ထုတ်ပေး

မြစ်သား ဧပြီ  ၂၁

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် ဖေဖော်ဝါရီလအတွက် ပင်စင်လစာငွေများကို  ယနေ့နံနက်( ၆ )နာရီမှ စတင်၍  ဘဏ်ဝန်ထမ်းများက အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများ ပင်စင်လစာလာရောက်ထုတ်ယူရာတွင် အခက်အခဲမရှိ လွယ်ကူအဆင်ပြေစွာ ထုတ်ယူနိုင်ရန်အတွက် စီစဥ်ဆောင်ရွက်ကာ စနစ်တကျ ထုတ်ပေးလျက်ရှိကြောင်း သိရသည်။

မြစ်သားတစ်မြို့နယ်လုံးတွင်  ပင်စင်စားဦးရေ (၂၄၀၀) ကျော်ရှိပြီး တစ်ရက်လျှင် ပင်စင်စားဦး‌ရေ (၇၅၀)ဦးခန့် တုံကင်ထပ်စနစ်ဖြင့် သတ်မှတ်၍ လစဥ်ပုံမှန်ရုံးဖွင့်ရက်(၂၁)ရက်နေ့မှ စတင်ထုတ်ပေးလျက်ရှိရာ ကျန်ရက်များတွင်လည်းနံနက်(၆)နာရီမှ ဘဏ်ဖွင့်ချိန်အတွင်း အငြိမ်းစားပင်စင်စားများအနေဖြင့် လာရောက်ထုတ်ယူနိုင်ကြောင်း၊ ပင်စင်လစာငွေများအား မိမိကိုယ်တိုင်သော်လည်းကောင်း၊ အကြောင်းအမျိုးမျိုးကြောင့် ကိုယ်တိုင်လာရောက်ထုတ်ယူနိုင်ခြင်း မရှိသူများအနေဖြင့် ၄င်းတို့မိသားစုဝင်တစ်ဦးမှ ကိုယ်စားလှယ်လွှဲစာဖြင့် ကိုယ်စားလာရောက်ထုတ်ယူနိုင်ကြောင်း မြန်မာ့စီးပွားရေးဘဏ်မန်နေဂျာထံမှ သိရသည်။

ရဲနိုင်ဦး(မြစ်သား)