ရိခေါ်ဒါရ် အောက်တိုဘာ ၃
ချင်းပြည်နယ်၊ ရိခေါ်ဒါရ်မြို့ရှိ ကားဂိတ်များအား အောက်တိုဘာ ၂ ရက်မှစ၍ ခေတ္တပိတ်ပင်ထားကြောင်း သိရသည်။
ရိခေါ်ဒါရ်မြို့ရှိ ကားဂိတ်များ ခေတ္တပိတ်ပင်ထားရခြင်းမှာ ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး၊ ရောဂါကူးစက်မှု မရှိစေရေးအတွက် ကားဂိတ်များ ခေတ္တပိတ်ပင်ထားခြင်းဖြစ်ပြီး ကုန်စည်စီးဆင်းမှု အဆင်ပြေစေရန် ကုန်စည်သယ်ယူပို့ဆောင်သည့် ယာဉ်များသွားလာမှု နှင့်စပ်လျဉ်း၍ စံနှုန်း သတ်မှတ်ချက် (၂၂)ချက်နှင့်အညီ လိုက်နာစေရေးအတွက် သက်ဆိုင်ရာများမှ ကြပ်မတ်ဆောင်ရွက် ခဲ့ကြောင်း သိရသည်။
လာလ်ပက်လောမ် (ပက်ကာ)