မတူပီ အောက်တိုဘာ ၃
ချင်းပြည်နယ်၊ မတူပီမြို့နယ်တွင် ကိုဗစ်−၁၉ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ရောဂါပိုးတွေ့ရှိသော ဒေသများနှင့် ဒေသခြားမှ ပြန်လာသူများကို Facility Quarantine Center များ၌ ၁၄ ရက် ကန့်သတ် နေထိုင်စေပြီး Swab နမူနာများ ရယူ၍ ရောဂါပိုး ရှိ/မရှိ စစ်ဆေးပေးလျက်ရှိရာ ရောဂါပိုးကင်းစင်သော နေရပ်ပြန် ပြည်သူများကို ကျန်းမာရေး ကောင်းမွန်ကြောင်း ထောက်ခံချက်များ ထုတ်ပေး၍ ယနေ့ နံနက်ပိုင်း က အိမ်ပြန် ခွင့်ပြုပေးခဲ့သည်။
မတူပီမြို့၊အထက(၂)တွင် Facility Quarantine ၁၄ ရက်ပြည့်သူ ကျား(၄)ဦး၊ မ(၁)ဦး စုစုပေါင်း(၅)ဦးကို Swab နမူနာ စစ်ဆေးခဲ့ပြီး ရောဂါပိုးမရှိသဖြင့် ပြန်လည်စေလွတ်ခဲ့ပြီး ကျန်းမာရေး ကောင်းမွန်ကြောင်း ထောက်ခံစာ များကို မြို့နယ်ကိုဗစ်−၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်မြင့်ကျော် က ပေးအပ်ခဲ့သည်။
ဆက်လက်ပြီး မြို့နယ်ကျန်းမာရေးမှူး(၁) ဒေါ်စိုးစိုးအောင်က Facility Quarantine ၁၄ ရက်ပြည့်သူ (၅)ဦးကို Home Quarantine ၇ ရက် ထပ်မံနေရန်များကို မှာကြားခဲ့ကြောင်း သိရသည်။
မတူပီမြို့တွင် လက်ရှိမိုးလုံလေလုံ အားကစားရုံ Quarantine Center နှင့် အထက(၂) Quarantine Center ၌ Facility Quarantine ခံယူသူ စုစုပေါင်း (၃၇)ဦးရှိကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)