ပုဇွန်တောင်မြို့နယ်၌ မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပမည်

ပုဇွန်တောင် ဧပြီ ၁၀

 

၁၃၈၄ ခုနှစ် မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်ကို ဗိုလ်တထောင်ခရိုင်၊ ပုဇွန်တောင် မြို့နယ်တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သွားမည်ဖြစ်ရာ မြို့နယ်မိသားစုရေကစား မဏ္ဍပ်ကို အထက်ပုဇွန်တောင်လမ်းနှင့် ဗိုလ်ချုပ်လမ်းထောင့်ရှိ ပုဇွန်တောင်ပန်းခြံရှေ့တွင် ဧပြီလ ၈ ရက်နေ့မှ စတင်ဆောက်လုပ်လျက်ရှိသည်။

အဆိုပါ ပုဇွန်တောင်မြို့နယ်မိသားစုရေကစားမဏ္ဍပ်တွင် သင်္ကြန်ယိမ်းအဖွဲ့များက အဆိုအကများ ဖြင့် ပြည်သူများနှင့်အတူ အေးချမ်းပျော်ရွှင်စွာ ပါဝင်ဆင်နွဲကြမည်ဖြစ်ပြီး သင်္ကြန်အကြိုနေ့မှ သင်္ကြန် အတက်နေ့အထိ စတုဒီသာစားသောက်ဖွယ်ရာများကို ကျွေးမွေးဧည့်ခံသွားမည်ဖြစ်ပြီး မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော်ကို စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်သည်။ ထို့အပြင် မြန်မာနှစ်ဆန်း တစ်ရက်နေ့တွင် မြို့နယ်အတွင်းရှိ သက်ကြီးဘိုးဘွားများအား ပူဇော်ကန်တော့သွားမည်ဖြစ်ကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သတင်းရရှိသည်။

ဟန်စုယဉ်