မြောက်ဥက္ကလာပမြို့နယ်တွင် မီးလောင်မှုဖြစ်ပွား

မြောက်ဥက္ကလာပ ဧပြီ ၁၀

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်၌ ယနေ့နံနက် ၂ နာရီ ၅၀ အချိန်က ရွှေပေါက်ကံ စက်မှုဇုံရပ်ကွက်၊ ကနောင်(၂)လမ်း အမှတ်(၁၉/၁၆)၊ အဆောက်အဦ အကျယ်အဝန်း (၉၀×၁၀၀)ပေ အုတ်ညှပ်၊ သွပ်မိုး၊ သွပ်ကာ စိုးပြာစက်ရုံတွင် အပူချိန် ၁၂၀ C ဖြင့် ပေါင်းခံထားသည့် ရာဘာပြား(၅×၃)ပေ အချပ်များအား စုပုံတပ်ထားရာမှ ပုံးအတွင်း အပူလွန်ကဲရာမှ စတင်မီးလောင်ကျွမ်းခဲ့ကြောင်း သိရသည်။

 မီးလောင်ရာသို့ ဒုတိယညွှန်ကြား​ရေးမှူးချုပ် ဦးရဲမင်းသူကွပ်ကဲမှုဖြင့် မီးငြှိမ်းသတ်ယာဉ်(၂၅)စီး၊ ရေသယ်ယာဉ်(၁၃)စီး၊ အထောက်အကူပြုယာဉ်(၄)စီး၊ ကွပ်ကဲမှုယာဉ်(၅)စီးဖြင့် သန္ဓေတပ်ဖွဲ့ဝင်(၂၂၃)ဦး၊ အရန်တပ်ဖွဲ့ဝင်(၈၁)ဦးဖြင့် မီးငြှိမ်းသတ်ခဲ့ရာ နံနက် ၃ နာရီ ၁၈ မိနစ်အချိန်တွင် မီးထိန်းနိုင်ခဲ့ပြီး နံနက် ၃ နာရီ ၂၂ မိနစ်အချိန်တွင် မီးငြိမ်းခဲ့သည်။

အဆိုပါမီးလောင်မှုကြောင့် အဆောက်အဦ၊ ရာဘာပြားတစ်တန်ခန့်၊ Pannel Boord တစ်လုံးပျက်စီးခဲ့ရာ ဆုံးရှုံးမှုတန်ဖိုးမှာ  စုစုပေါင်း ကျပ် ၆၈၇၅၀၀၀/- ဖြစ်ပြီး   ပိုင်ရှင်ဖြစ်သူအား ရွှေပေါက်ကံနယ်​မြေရဲစခန်းမှ (ပ)၂၇/၂၀၂၃/ပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

မြမြဝင်း (ပြန်/ဆက်)