တွံတေးမြို့နယ်၌ ကြက်ခြေနီအကြောင်းသိကောင်းစရာ အသိပညာပေး Talk Show ပြုလုပ်

တွံတေး ဧပြီ ၉

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့တို့ပူးပေါင်းကျင်းပသည့် ကြက်ခြေနီအကြောင်း သိကောင်းစရာ Talk Show ကို လုထုအခြေပြုဗဟိုဌာန( Community Centre)၌ ယမန်နေ့နံနက် ၁၀ နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ Talk Show တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူးဒေါ်ဖြူဖြူဝင်းနှင့် မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှဒုတပ်ခွဲမှူး ဦးသွင်ထူးအောင်တို့က ကမ္ဘာကြက်ခြေနီပေါ်ပေါက်လာပုံ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်၊ အသင်းဝင်တစ်ယောက်ဖြစ်လာလိုရှိရင်လိုက်နာရမည်အချက်များ၊ သိထားသင့်သောအချက်များအကြောင်း၊ မြန်မာနိုင်ငံ၌ကြက်ခြေနီအသင်းပေါ်ပေါက်လာပုံ၊ ကြက်ခြေနီအသင်း၏ရည်ရွယ်ချက်များ၊ မြန်မာနိုင်ငံ၌ ဥပဒေအရ ကြက်ခြေနီအသင်းကိုဖွဲ့စည်းထားခြင်းရှိ၊ မရှိမေးမြန်းမှုကို ဒုတပ်ခွဲမှူးဦးသွင်ထူးအောင်က ပြန်လည်၍အမေး၊ အဖြေများနှင့် ပြည်သူ့များ ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန် ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ပြန်ကြား‌ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများအသိပညာများတိုးပွားစေရေးအတွက် ယခုကဲ့သို့ အသိပညာပေးဆွေးနွေးပွဲ Talk Show အစီအစဉ်များ ရိုက်ကူးထုတ်လွှင့်ခြင်းအပါအဝင် အသိပညာပေးဝန်ဆောင်မှုလုပ်ငန်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိပြီး Talk Show အစီအစဉ်များကို ပြည်သူများအကျိုးရှိစေမည့် သတ်မှတ်ခေါင်းစဉ်အလိုက် ရိုက်ကူးထုတ်လွှင့်ခြင်းအား လူထုအခြေပြုဗဟိုဌာနခန်းမ၌ လစဉ်ပုံမှန်ပြုလုပ်‌လျက်ရှိကြောင်း သိရသည်။

တွံတေးသား