မိုင်းငေါ့မြို့တွင် Mobile စနစ်ဖြင့် ရပ်ကွက်နေပြည်သူများထံသို့ စာအုပ်စာစောင်များ သွားရောက်ငှားရမ်းပေး

မိုင်းငေါ့ ဧပြီ ၃

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းငေါ့မြို့  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနဝန်ထမ်းများက ဒေသနေပြည်သူများ၊ ဌာနဆိုင်ရာဝန်ထမ်းများအား အလွယ်တကူ စာအုပ်/စာစောင်များ ငှားရမ်းဖတ်ရှုနိုင်စေရန်နှင့် အသိပညာဗဟုသုတများ တိုးပွားလာစေရန် ယနေ့နံနက် ၁၀ နာရီအချိန်က မြို့ပေါ်ရပ်ကွက်များသို့ Mobile Library ကွင်းဆင်း သွားရောက်၍ စာအုပ်များငှားရမ်းပေးခဲ့သည်။

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မိုင်းငေါ့မြို့ရုံးအနေဖြင့် စာကြည့်တိုက်သို့ မလာရောက်နိုင်သည့် ဌာနဆိုင်ရာများ၊ ရပ်ကွက်နေ ပြည်သူများအတွက် သုတ/ရသစာအုပ်များဖြင့် အပတ်စဉ် Mobile ငှားရမ်းပေးခြင်းကို ကွင်းဆင်းဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။

မြင့်သွယ်(မိုင်းငေါ့ ပြန်/ဆက်)