နမ့်ဆန် ဧပြီ ၃
ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူးများတွေ့ဆုံ၍ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ညှိနှိုင်းဆောင်ရွက်ခြင်း ကို ယနေ့နံနက် ၉ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရှိ လွယ်ဆိုင်ခန်းမ၌ကျင်းပ ပြုလုပ်ခဲ့ကြောင်းသိရသည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းသန်းထိုက်က လာမည့် ၂၀၂၃-၂၀၂၄ စာသင်နှစ် ကျောင်းဖွင့်ရာသီ လုပ်ငန်းစဉ်များတွင် အားလုံးပူးပေါင်းပါဝင် ဆောင်ရွက်ပေးစေလိုကြောင်း၊ ပွင့်လင်းရာသီ ရောက်ရှိလာပြီဖြစ်သောကြောင့် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးလုပ်ငန်း ဆောင်ရွက်ပေးကြရန်၊ သင်္ကြန်ကာလတွင် နှစ်စဉ်ဆောင်ရွက်လျက်ရှိသော သက်ကြီးပူဇော်ပွဲတွင်လည်း ပူးပေါင်း ဆောင်ရွက်ကြရန်ပြောကြားပြီး ကျေးရွာ ဖွံ့ဖြိုးရေးလုပ်ငန်းများကို ဆွေနွေးကြောင်းသိရသည်။
ဆက်လက်၍ တက်ရောက်လာကြသော ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် ရပ်/ကျေးစာရေး များက ကျေးရွာအတွင်း ဆောင်ရွက်မည့် ဖွံ့ဖြိုးရေးလုပ်ငန်း အခြေအနေများကိုလည်ကောင်း တင်ပြခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းသန်းထိုက်နှင့်တာဝန်ရှိသူများက လုပ်ငန်း လိုအပ်ချက်များအပေါ် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
နမ့်ဆန်ဒေသ(ပြန်/ဆက်)