နောင်တရားမြို့၌ ယာယီနေရပ်စွန့်ခွာပြည်သူများသို့ ထောက်ပံ့ငွေများ ဆက်လက်‌ထောက်ပံ့

နောင်တရား ဧပြီ ၂

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ နောင်တရားမြို့သို့ ယာယီနေရပ်စွန့်ခွာရောက်ရှိနေသည့် ပြည်သူများသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ယနေ့နံနက်ပိုင်းတွင် ထောက်ပံငွေများ ဆက်လက် ထောက်ပံ့သည်။

နောင်တရားမြို့ ရတနာရန်နိုင်စေတီတော်၌ ယာယီနေရပ်စွန့်ခွာသည့် ပြည်သူ (၄၃၄)ဦး၊ စန္တာခမ်းဘက်စုံဖွံ့ဖြိုးရေးကွင်း၌ ယာယီနေရပ်စွန့်ခွာသည့် ပြည်သူ (၁၀၀)ဦးတို့အတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင့်ဇော်ထက်နှင့် နောင်တရားမြို့ မြို့အုပ်ချုပ်ရေးမှူး ဦးအယ်လ်အောင်ဒင်မိုင်တို့မှ ယာယီနေရပ်စွန့်ခွာပြည်သူများသို့ ထောက်ပံ့‌ငွေနှင့် အခြေခံစားသောက်ကုန်များ  ဆက်လက်ထောက်ပံ့သည်။

ယာယီနေရပ်စွန့်ခွာပြည်သူများ အခက်အခဲမဖြစ်ပေါ်စေရန်အတွက် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့မှ ထောက်ပံ့သည့် ထောက်ပံ့‌ငွေနှင့် အခြေခံ စားသောက်ကုန်များကို ထောက်ပံ့ပေးလျက်ရှိကြောင်း သိရသည်။

ခွန်အောင်(နောင်တရား)