တုံတာမြို့၌  နံရံကပ်စာစောင်ပြသခြင်းနှင့် စာအုပ်ငှားရမ်းခြင်းများ ဆောင်ရွက်

တုံတာ မတ် ၃၁

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ တုံတာမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန နံရံကပ်စာစောင်နှင့်စာအုပ်စာ‌‌စောင်ပြသခြင်း လစဉ်ကျင်းပပြုလုပ်လျက်ရှိရာ ယနေ့ နံနက် ၉ နာရီတွင် အဆိုပါရုံးရှိ (Community Centre)ခန်းမ၌ က‌လေးအလုပ်သမားပ‌ပျောက်ရေး နံရံကပ်စာ‌စောင်နှင့် အသိပညာဗဟုသုတများစွာ ပါဝင်သည့် စာအုပ်စာ‌စောင်များကို စာပေချစ်မြတ်နိုးသူများအား ရပ်ကွက်ထဲက ကလေးငယ်များအား ပြသပြီး စာဖတ်ခြင်း၏ကောင်းကျိုးများစွာကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ‌ရေးဌာန ဝန်ထမ်းများက ရှင်း‌ပြောကြားခဲ့ကြောင်း သိရသည်။

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ တုံတာမြို့ရုံး၏ (Community Center)ခန်းမ၌ ရပ်ကွက်နေကလေးငယ်များက နံရံကပ်စာစောင်ကို စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုပြီးနောက် စာအုပ်စာ‌စောင်များကို စိတ်ပါဝင်စားစွာ လေ့လာဖတ်ရှုအပြီး၌ စာအုပ်စာစောင်များကို အိမ်သို့ ငှားရမ်းသွားကြောင်း သိခဲ့ရသည်။

အဲန်းမေရီ