မိုင်းယောင်း မတ် ၂၉
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနသည် ယနေ့နံနက်က ကော်ဖီစိုက်ပျိုးလျက်ရှိသည့် တောင်သူများအား ကော်ဖီစိုက်ပျိုးခြင်းနှင့်ပတ်သက်၍ ဟွေထမ်ကျေးရွာ၌ အသိပညာပေးဆွေးနွေးခြင်းဆောင်ရွက်ခဲ့ကြောင်း သိရ သည်။
ထိုသို့ဆောင်ရွက်ရာတွင် စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးကျော်ကျော်မိုးက ကော်ဖီစိုက်ပျိုးခြင်းနှင့်ပတ်သက်၍ မျိုးစေ့ပျိုးထောင်ခြင်းနည်းစနစ်၊ အရိပ်ပင်နှင့် မြေဩဇာလိုအပ်မှု၊ ကိုင်းဖြတ်ခေါင်နှိမ်ခြင်း၊ အသီးခူးဆွတ်ခြင်း စသည့်ကော်ဖီစိုက်ခင်း ပြုစုစောင့်ရှောက်နည်း စနစ်များကိုဆွေးနွေးပြီး ကော်ဖီစိုက်တောင်သူများက မိမိတို့သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ကြရာ စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးက ပြန်လည်ရှင်းလင်း ဆွေးနွေးခဲ့သည်။
မိုင်းယောင်းမြို့နယ်တွင် ကော်ဖီ ဧက ၃၀ စိုက်ပျိုးဆောင်ရွက်လျက်ရှိကြောင်း၊ ကော်ဖီစိုက်ပျိုးနည်းပညာများကို မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ပံ့ပိုးကူညီဆောင်ရွက်ပေးလျက်ရှိ ကြောင်း သိရသည်။
စိုင်းအောင်ဇော်လင်း