ဒက္ခိဏသီရိမြို့နယ်တွင် ပါဠိပထမပြန်စာမေးပွဲ စတင်ဖြေဆို

နေပြည်တော် မတ် ၂၉

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာနက ကြီးမှူး၍ကျင်းပသော ၂၀၂၂၃ ခုနှစ်၊  ပါဠိပထမပြန် စာမေးပွဲကို နိုင်ငံတစ်ဝန်းလုံး၌ ဖြေဆိုလျက်ရှိရာ ပြည်ထောင်စုနယ်မြေ နေပြည်တော် ဒက္ခိဏသီရိမြို့နယ်တွင်လည်း ယနေ့မွန်းလွဲပိုင်းက ရန်အောင်မြင်ရွှေလက်လှဘုရားရှိ ဗိမာန်တော်အတွင်း၌ ကျင်းပဖြေဆိုလျက်ရှိသည်။

ဒက္ခိဏသီရိမြိုနယ်တွင် ပါဠိပထမပြန် စာမေးပွဲ (ပထမကြီး၊ ပထမလတ်၊ ပထမငယ်၊ အခြေပြု မူလတန်း) ပထမနေ့ကို သံဃာ ၁၆၇ပါး၊ သီလရှင် ၁၅ ပါးနှင့် လူပုဂ္ဂိုလ် တစ်ဦး   စာရင်းပေးသွင်း ထားပြီး သံဃာ ၁၄၂ ပါး၊ သီလရှင် ၁၄ ပါးနှင့် လူပုဂ္ဂိုလ် တစ်ဦးဖြေဆိုကာ သံဃာ ၂၅ ပါး၊ သီလရှင် ၁ ပါးတို့ ဖြေဆိုရန်ပျက်ကွက်ခဲ့ကြောင်း   မြို့နယ် သာသနာရေးဦးစီးဌာနမှ သိရပြီး စာဖြေသူများ အဆင်ပြေချောမွေ့စွာ ဖြေဆိုနိုင်ရေး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးနိုင်ဝင်း၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ အလှူရှင်များက လိုအပ်သည်များ ကူညီဆောင်ရွက်ပေးခဲ့သည်။

အဆိုပါ ပါဠိပထမပြန် စာမေးပွဲကို မတ်လ ၂၈ ရက်နေ့မှ ဧပြီလ ၃ ရက်နေ့အထိ ဖြေဆိုသွားမည်ဖြစ်ကြောင်း သိရသည်။

အောင်ကို (ပြန်/ဆက်)