ကျွန်းစုမြို့တွင် ၂၀၂၃ ခုနှစ် မြို့နယ်အဆင့် မူလတန်းဘာသာရပ် စွမ်းရည်မြှင့် ဆွေးနွေးပွဲကျင်းပ

ကျွန်းစု မတ် ၂၉

တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် မြို့နယ်ပညာရေးမှူးရုံးမှ ကြီးမှူး၍ ၂၀၂၃ ခုနှစ် မြို့နယ်အဆင့် မူလတန်းဘာသာရပ်စွမ်းရည်မြှင့် ဆွေးနွေးပွဲ(၄)ရက် ကျင်းပပြုလုပ်မည်ဖြစ်ရာ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီအချိန်က အ.ထ.က ကျွန်းစုကျောင်းရှိ ပညာ့ဗိမာန်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဖွင့်ပွဲအခမ်းအနားတွင် မြို့နယ်ပညာရေးမှူး ဒေါ်ဝင်းမာ က အဖွင့်အမှာစကားပြောကြားခဲ့ပြီး ဆွေးနွေးပွဲကို သတ်မှတ်ထားသည့် အခန်းများ၌ အသီးသီး စတင်ဆွေးနွေးခဲ့ကြသည်။

ဆွေးနွေးပွဲတွင် နည်းပြအဖြစ် မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းအုပ် (၁၆)ဦး က အတန်းတစ်ခုချင်းစီ၏ ဘာသာရပ်အသီးသီးကို ဆွေးနွေးပွဲတက်ရောက်မည့် ဆရာ၊ ဆရာမ (၄၃၃)ဦးအား ဆွေးနွေး ပေးသွားမည်ဖြစ်ပြီး ဆွေးနွေးပွဲကို မတ်လ(၂၈)ရက်နေ့မှ မတ်လ(၃၁)ရက်နေ့အထိ ပြုလုပ်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

ကျွန်းစု(ပြန်/ဆက်)