တောင်သာမြို့၌ မြို့နယ်အဆင့် မူလတန်းဘာသာရပ်စွမ်းရည်မြှင့် ဆွေးနွေးပွဲကျင်းပ

တောင်သာ မတ် ၂၉

မန္တလေးတိုင်းဒေသကြီး တောင်သာမြို့  မင်းစုအခြေခံပညာအထက်တန်းကျောင်း၌ ယမန်နေ့နံနက် ၉ နာရီမှစ၍ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ဆရာ/ဆရာမများအား သင်ကြားရေး စွမ်းဆောင်ရည်မြင့်မားလာစေရန် ရည်ရွယ်၍ မြို့နယ်အဆင့် မူလတန်း ဘာသာရပ် စွမ်းရည်မြှင့်သင်တန်းဆွေးနွေးပို့ချလျက်ရှိကြောင်း သိရသည်။

အဆိုပါ ဘာသာရပ်စွမ်းရည်မြှင့်ဆွေးနွေးပွဲတွင် မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ မူလတန်းအဆင့် သင်တန်းသား ဆရာ၊ ဆရာမ (၁၀၅၉) ဦးတို့အား သင်တန်းနည်းပြ ဆရာ၊ ဆရာမ (၃၂)ဦးတို့မှ တောင်သာမြို့ မင်းစု အခြေခံပညာအထက်တန်းကျောင်းရှိ စာသင်ခန်းများတွင် ဘာသာရပ်အလိုက် မတ်လ ၂၈ ရက်နေ့မှ ၃၁ ရက်နေ့ထိ ၄ ရက်ကြာ နေ့စဉ်နံနက် ၉ နာရီမှ ညနေ ၄ နာရီအထိ သင်ကြားဆွေးနွေးပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။

ကျော်မျိုးနိုင်(တောင်သာ)